အစိုးရလုပ္ငန္းစဥ္ေတြကို သဘာ၀ေဘးက ႐ိုက္ခ်ိဳးပစ္ႏိုင္လို႔ ဒုသမၼတ ေျပာ

0
275

အစိုးရသြားေနတဲ့ ဒီမိုကေရစီ လူ႕အဖြဲ႕အစည္းတစ္ရပ္ ထူေထာင္ေရး ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ ေအးခ်မ္း ဖြံ႕ၿဖိဳး တိုးတက္ေရး လုပ္ငန္းစဥ္ေတြဟာ သဘာ၀ ေဘးအႏၲရာယ္ က်ေရာက္မႈမ်ားေၾကာင့္ အခ်ိန္ပိုင္းအတြင္း ႐ိုက္ခ်ိဳးလွဲၿဖိဳ ပစ္ႏိုင္စြမ္းရွိတယ္လို႔ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာလိုက္ပါတယ္။

ေအာက္တိုဘာ ၉ ရက္က ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံ ေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္ ဆံုး႐ံႈးႏိုင္ေျခ ေလွ်ာ့ခ်ေရး လုပ္ငန္း စီမံခ်က္ (၂၀၁၇) အတည္ျပဳ မိတ္ဆက္ပြဲ အခမ္းအနားမွာ သူက အခုလို မီးေမာင္းထိုး ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ တစ္ကမၻာလုံး အတိုင္းအတာအေနနဲ႔ လြန္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ေဘးအႏၲရာယ္မ်ား က်ေရာက္မႈေၾကာင့္ စီးပြားေရး က႑မွာ တိုက္႐ိုက္ ထိခိုက္ ဆုံး႐ႈံးမႈမ်ားဟာ အေမရိကန္ ေဒၚလာ ၁ ဒသမ ၄ ထရီလီယံခန္႔ ရွိခဲ့တယ္လို႔လည္း ေျပာပါတယ္။

ရာသီဥတု ေျပာင္းလဲမႈနဲ႔ ပုံသ႑ာန္ မမွန္တဲ့ ဖြံ႕ၿဖိဳး တိုးတက္လာမႈ အေလ့အထမ်ားေၾကာင့္လည္း ထိခိုက္ ဆုံး႐ႈံးႏိုင္ေျခမ်ား ျဖစ္လာႏိုင္လို႔ ေဘးအႏၲရာယ္ ေလ်ာ့ပါးေရး လုပ္ငန္းမ်ားကို ႀကိဳတင္ ေမွ်ာ္ေတြး လုပ္ေဆာင္ဖို႔ လိုအပ္ လာေနျပီ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ အမ်ိဳးသား သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ေကာ္မတီဦးေဆာင္မႈနဲ႔ ေဘးအႏၲရာယ္ေၾကာင့္ ထိခိုက္ ဆုံး႐ႈံးႏိုင္ေျခ ေလွ်ာ႔ခ်ေရး လုပ္ငန္းစီမံခ်က္ (MAPDRR)ကို ေရးဆြဲခဲ့ျပီး ျဖစ္ပါတယ္။
……………………. ။ ။ …………………….

အစိုးရလုပ်ငန်းစဉ်တွေကို သဘာဝဘေးက ရိုက်ချိုးပစ်နိုင်လို့ ဒုသမ္မတ ပြော

အစိုးရသွားနေတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရေး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေဟာ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများကြောင့် အချိန်ပိုင်း အတွင်း ရိုက်ချိုးလှဲဖြို ပစ်နိုင်စွမ်းရှိတယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောလိုက်ပါတယ်။

အောက်တိုဘာ ၉ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် (၂၀၁၇) အတည်ပြု မိတ်ဆက်ပွဲ အခမ်းအနားမှာ သူက အခုလို မီးမောင်းထိုး ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် စီးပွားရေး ကဏ္ဍမှာ တိုက်ရိုက် ထိခိုက် ဆုံးရှုံးမှုများဟာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံခန့် ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုနဲ့ ပုံသဏ္ဍာန် မမှန်တဲ့ ဖွံ့ဖြိုး တိုးတက်လာမှု အလေ့အထများကြောင့်လည်း ထိခိုက် ဆုံးရှုံးနိုင်ခြေများ ဖြစ်လာနိုင်လို့ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းများကို ကြိုတင် မျှော်တွေး လုပ်ဆောင်ဖို့ လိုအပ် လာနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဦးဆောင်မှုနဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (MAPDRR)ကို ရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)