ရွေးကောက်ပွဲကနေ အာဏာရပါက သမ္မတမဖြစ်လဲ အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ အစီအစဉ်ရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို

0
298

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမဲ့နိုဝင်ဘာလ 8 ရက်နေ့မှာကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲကနေ အာဏာရလာခဲ့မယ်ဆိုရင် သမ္မတမဖြစ်ပေမယ့် အစိုးရအဖွဲ့ကိုဦးဆောင်ဖို့ အစီစဉ်ရှိတယ်လို့ဆိုပါတယ်။

Photo

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမဲ့ရွေးကောက်ပွဲမှာ လွတ်လပ်သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်ထားတာဖြစ်ပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပေဒေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်နိုင်ဖို့ အတားအဆီးတစ်ခု ဖြစ်ပါတယ်။

တကယ်လို့ NLD ပါတီကသာ အနိုင်ရမယ်ဆိုရင် အစိုးရဖွဲ့ပါမယ် ဒီအစိုးရအဖွဲ့ကို ကျွန်မသမ္မတဖြစ်ဖြစ် မဖြစ်ဖြစ် ဦးဆောင်မှာဖြစ်တယ်လို့ စက်တင်ဘာလ 30 ရက်နေ့ကအိန္ဒိယရုပ်သံလိုင်းတစ်ခု India Today TVကို ပြောကြားခဲ့တာပါ။

“ဘာလို့မဖြစ်နိုင်ရမှာလဲ၊ နိုင်ငံကိုဦးဆောင်ဖို့ သမ္မတဖြစ်သင့်တယ်မလား”လို့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတကို တပ်မတော်ကိုယ်စားလှယ်တွေနဲ့ လွတ်တော်ကိုယ်စားလှယ်တွေကနေ အဆိုပြုခန့်ထားနိုင်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလကုန်ပိုင်းလောက်မှာ ရခိုင်ပြည်နယ်ကိုသွားရောက်ဖို့လည်းရှိနေပါတယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး “ကျွန်မပြောခဲ့ပါတယ်၊ ဒါပေမဲ့ ပြည်သူတွေက စိတ်မ၀င်စားကြပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့က ကျွန်မကို ရခိုင်ပြည်သူတွေကို ရှုတ်ချစေချင်တာလေ၊ ဒီအပေါ်မှတ်ချက်မပြုနိုင်ပါဘူး၊ ရခိုင်ပြည်သူတွေလည်း အများကြီးနစ်နာခဲ့ရတာလေ”လို့ သူမကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေနဲ့ပတ်သတ်ပြီး “အိန္ဒိယနဲ့ မြန်မာဆက်ဆံရေးကအရမ်းမဆိုးပါဘူး၊ တိုးတက်မှုတွေရှိနေပါတယ်၊ လွန်ခဲ့တဲ့သုံးလေးနှစ်တာကာလကို ပြန်ကြည့်မယ်ဆိုရင် အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက် သတိထားခဲ့တယ်လို့ ကျွန်မထင်တယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့အနေနဲ့ ကျွန်မတို့နဲ့ခွဲထွက်ဖို့ကြိုးစားခဲ့တယ်မှတ်ချက်ပြုလို့ရတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီအပေါ်မှာ အရမ်းကိုဝမ်းနည်းခဲ့ရပါတယ်၊ ကျွန်မက မြန်မာနဲ့ အိန္ဒိယဆက်ဆံရေးကို ထိခိုက်စေခဲ့တယ်လေ၊ လွတ်လပ်ရေးမရခင်ထိ မြန်မာနဲ့ အိန္ဒိယဆက်ဆံရေးကအရမ်းကိုကောင်းခဲ့တာ အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကိုလည်းနှစ်အတော်ကြာထိန်းထားနိုင်ခဲ့တယ်၊ အခုဒီအရာကို ပြောင်းလဲလို့ရပါတယ်၊ အိန္ဒိယနိုင်ငံ ပြောင်းလဲသွားတာကြောင့်လည်းဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ 2012 ခုနှစ်က အိန္ဒိယကိုသွားရောက်ခဲ့သလို ပြီးခဲ့တဲ့နှစ်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ASEAN ထိပ်သီးဆွေးနွေးပွဲကာလမှာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်NarendraModi နဲ့တွေ့ဆုံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)