0
149
မန္တလေးမြို့မှာ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိ
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲမှာ လူလေးဦးထံကနေ ဖောက်ခွဲရေး ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့လို့ စစ်ဆေးမေးမြန်းနေပါတယ်။
ဒီနေ့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနစိတ်က ဌာနစုမှူး ဒုရဲမှူး စိုင်းဝဏ္ဏအောင် ဦးစီးအဖွဲ့က မန္တလေးခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ် ဇော်ဇော်သန်း၊ အမှတ် (၁၁) နယ်မြေရဲစမှူး ဒုရဲမှူး ဇော်နိုင်နဲ့အဖွဲ့တို့ ပူးပေါင်းပြီး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ လမ်း ၇၀၊ ဒဿနလမ်း၊ အမှတ် (က-၅/၇၇) နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ အောင်လင်းလက်၊ မြတ်ခိုင်၊ ချမ်းငြိမ်းတို့ကို တွေ့ရှိစစ်ဆေးခဲ့ပါတယ်။
လူလေးဦးထံကနေ ဒီတိုနေတာ ၁ ထောင်ကျော်၊ ယမ်းနဲ့ ဖုန်းတွေ ဖမ်းဆီးရမိထားပြီး မန္တလေးတိုင်း ရဲမှူးရုံးမှာ စစ်ဆေးနေပါတယ်။ ဖမ်းမိသူတွေဟာ AA လက်နက်ကိုင် တပ်ဖွဲ့ကလို့ သတင်းထွက်ပေါ်နေပြီး MCN သတင်းဌာနက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းရာ AA ရခိုင် လက်နက်ကိုင် အဖွဲ့အစည်းက ဟုတ်မှန်ကြောင်း၊ သူတို့ကို ဖောက်ခွဲဖျက်ဆီးရေးအမှုနဲ့ ဖွင့်ဖို့လုပ်နေတုန်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့နယ် ယာယီ ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်ဝင်းနိုင်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း AA ရခိုင်လက်နက်ကိုင် အဖွဲ့ရဲ့ ရန်ပုံငွေအတွက် မူးယစ်ဆေးဝါး ရောင်းချပေးနေသူတွေကို ရန်ကုန်၊ အမ်းနဲ့ မင်းပြားမြို့တို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းမိတဲ့ စိတ်ကြွဆေးပြားတွေဟာ ၂၆ သိန်းကျော် ရှိပြီး ငွေကျပ် ၈၀၂၇၃ သိန်းကျော် ရှိပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)