IIMM နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ျမန္မာကို ကုလတိုက္တြန္း

0
104

ျပည္တြင္းမွာ တရားမွ်တမႈ ရွိေစဖို႔ ျမန္မာႏိုင္ငံအတြက္ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးမႈ ယႏၱရား (IIMM) အဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ျမန္မာႏိုင္ငံကို ကုလသမဂၢက စက္တင္ဘာလ ၉ ရက္ေန႔မွာ တိုက္တြန္းလိုက္ပါတယ္။

တရားမွ်တမႈရွိေစဖို႔နဲ႔ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ အကူးအေျပာင္း ေတာင့္တင္းခိုင္မာေစဖို႔ ႏိုင္ငံတကာ ယႏၱရားအဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ျမန္မာအစိုးရကို တိုက္တြန္းေၾကာင္း ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕မွာ က်င္းပတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ ၄၂ ႀကိမ္ေျမာက္ ပံုမွန္ အစည္းအေဝးမွာ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး မစ္ခ်ယ္ ဘက္ခ်လက္က တိုက္တြန္းသြားပါတယ္။

ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီက IIMM ကို မႏွစ္က စက္တင္ဘာလမွာ စတင္ဖြဲ႔စည္းခဲ့ၿပီး ၂၀၁၁ ခုႏွစ္ကစလို႔ ျမန္မာႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ ႏိုင္ငံတကာ ဥပေဒ ခ်ိဳးေဖာက္မႈေတြကို အခ်က္အလက္ ေကာက္ယူတာ၊ ေသခ်ာေအာင္စစ္ေဆးတာ၊ အေထာက္အထားေတြကို သံုးသပ္တာေတြ လုပ္ေဆာင္ဖို႔ ျဖစ္ပါတယ္။ IIMM ရဲ႕ အႀကီးအကဲ နီကိုလပ္ ကြမ္ဂ်ီယန္က ယႏၱရားအဖြဲ႔ဟာ ေသးငယ္ေပမယ့္ အေရးႀကီးတဲ့ အခန္းက႑က ပါတယ္လို႔ ေျပာပါတယ္။

IIMM နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာကို ကုလတိုက်တွန်း


ပြည်တွင်းမှာ တရားမျှတမှု ရှိစေဖို့ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံကို ကုလသမဂ္ဂက စက်တင်ဘာလ ၉ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။


တရားမျှတမှုရှိစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်း တောင့်တင်းခိုင်မာစေဖို့ နိုင်ငံတကာ ယန္တရားအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၄၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး မစ်ချယ် ဘက်ချလက်က တိုက်တွန်းသွားပါတယ်။


ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက IIMM ကို မနှစ်က စက်တင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၁ ခုနှစ်ကစလို့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေကို အချက်အလက် ကောက်ယူတာ၊ သေချာအောင်စစ်ဆေးတာ၊ အထောက်အထားတွေကို သုံးသပ်တာတွေ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ IIMM ရဲ့ အကြီးအကဲ နီကိုလပ် ကွမ်ဂျီယန်က ယန္တရားအဖွဲ့ဟာ သေးငယ်ပေမယ့် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)