ျမန္မာနဲ႔ ဂ်ပန္ပြဲကို လာေရာက္အားေပးမယ့္ ပရိသတ္ေတြအတြက္ YBS အစီး ၅၀ စီစဥ္ေပး

0
91

ျမန္မာ့လက္ေရြးစင္ အသင္းနဲ႔ ဂ်ပန္အသင္းတို႔ရဲ႕ ၂၀၂၂ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္ကို လာေရာက္အားေပးမယ့္ ပရိသတ္ေတြ အျပန္ခရီး အဆင္ေျပေစဖို႔ YBS ယာဥ္ အစီး ၅၀ အခမဲ့ စီစဥ္ေပးထားေၾကာင္း ျမန္မာႏိုင္ငံ ေဘာလံုးအဖြဲ႔ခ်ဳပ္က သတင္းထုတ္ျပန္ထားပါတယ္။

သုဝဏၰ-ဆူးေလ၊ သုဝဏၰ-ဒဂံုတကၠသိုလ္၊  သုဝဏၰ – ေလွာ္ကား၊ သုဝဏၰ – ေအာင္မဂၤလာ အေဝးေျပး၊ သု၀ဏၰ – သမိုင္းလမ္းဆံု တို႔အတြက္ YBS ယာဥ္ အစီး ၅၀ ကို အခမဲ့ စီးႏိုင္ေအာင္ စီစဥ္ထားတာ ျဖစ္ပါတယ္။ YBS ယာဥ္ေတြကို သုဝဏၰေဘာလံုးကြင္းရဲ႕ ေလးေထာင့္ကန္လမ္း ထြက္ေပါက္နဲ႔   ေ၀ဇယႏၲာလမ္း ထြက္ေပါက္ေတြမွာ ေစာင့္ဆိုင္း ရပ္နားထားမွာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာ့လက္ေရြးစင္ အသင္းနဲ႔ ဂ်ပန္အသင္းတုိ႔ဟာ ဒီေန႔ စက္တင္ဘာလ ၁၀ ရက္ ျမန္မာစံေတာ္ခ်ိန္ ညေန ၆ နာရီ၊ မိနစ္ ၅၀ မွာ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰကြင္းမွာ ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

မြန်မာနဲ့ ဂျပန်ပွဲကို လာရောက်အားပေးမယ့် ပရိသတ်တွေအတွက် YBS အစီး ၅၀ စီစဉ်ပေး


မြန်မာ့လက်ရွေးစင် အသင်းနဲ့ ဂျပန်အသင်းတို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်ကို လာရောက်အားပေးမယ့် ပရိသတ်တွေ အပြန်ခရီး အဆင်ပြေစေဖို့ YBS ယာဉ် အစီး ၅၀ အခမဲ့ စီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။


သုဝဏ္ဏ-ဆူးလေ၊ သုဝဏ္ဏ-ဒဂုံတက္ကသိုလ်၊ သုဝဏ္ဏ – လှော်ကား၊ သုဝဏ္ဏ – အောင်မင်္ဂလာ အဝေးပြေး၊ သုဝဏ္ဏ – သမိုင်းလမ်းဆုံ တို့အတွက် YBS ယာဉ် အစီး ၅၀ ကို အခမဲ့ စီးနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ YBS ယာဉ်တွေကို သုဝဏ္ဏဘောလုံးကွင်းရဲ့ လေးထောင့်ကန်လမ်း ထွက်ပေါက်နဲ့ ဝေဇယန္တာလမ်း ထွက်ပေါက်တွေမှာ စောင့်ဆိုင်း ရပ်နားထားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာ့လက်ရွေးစင် အသင်းနဲ့ ဂျပန်အသင်းတို့ဟာ ဒီနေ့ စက်တင်ဘာလ ၁၀ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီ၊ မိနစ် ၅၀ မှာ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)