
0
99




လုပ်ပေးနိုင်တဲ့ အချိန်ကျရင် တိုင်းပြည်ကို ပိုကောင်းမွန်အောင် ဆောင်ရွက်မယ်လို့ သူရဦးရွှေမန်း ပြော


လတ်တလောမှာ လုပ်ပေးနိုင်ခြင်း မရှိပေမယ့် လုပ်ပေးနိုင်တဲ့ အချိန်ကျရင် ပြည်သူတွေရဲ့ ဘဝနဲ့ နိုင်ငံရဲ့ အခြေအနေကို အခုထက် ပိုပြီး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။


မနေ့ စက်တင်ဘာ ၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး အတွင်းက ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုခဲ့တာပါ။


အခြေအနေ၊ အချိန်အခါရဲ့ လိုအပ်ချက်နဲ့ ပြည်သူအချို့ရဲ့ တောင်းဆိုချက်အရ ဒေသအကျိုး၊ အများအကျိုး ဆောင်ရွက်ဖို့ ဆန္ဒရှိသူတွေ စုစည်းကာ စိတ်စေတနာကို အရင်းခံပြီး ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို ကိုယ့်အားကိုယ်ကိုး တည်ထောင်ကြတာ ဖြစ်တယ်လို့ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)