
0
173

ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုမှာ သေဒဏ်ချမှတ်ခံရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံကို ညှိနှိုင်းမေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။



ဝင်းနဲ့ ဇော် အမှုအတွက် ထိုင်းလူ့အခွင့်အရေး ကော်မရှင်ထံ ညှိနှိုင်းမေတ္တာရပ်ခံစာ ပေးပို့


ထိုင်းနိုင်ငံ၊ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိ်ုင်ငံသား နှစ်ဦး အသတ်ခံရမှုမှာ သေဒဏ်ချမှတ်ခံရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံကို ညှိနှိုင်းမေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။


နောက်ဆုံး အယူခံ ရှုံးနိမ့်ပြီး သေဒဏ် ချမှတ်ခံရတဲ့ ရွှေ့ပြောင်း မြန်မာလုပ်သားနှစ်ဦးရဲ့ အသက်ရှင်သန်ပိုင်ခွင့် ခံစားရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် အနေနဲ့ လူ့အခွင့်အရေး ရှုထောင်က ကူညီဆောင်ရွက်ပေးဖို့ ညှိနှိုင်းမေတ္တာရပ်ခံစာကို စက်တင်ဘာလ ၉ ရက်နေ့က ပေးပို့လိုက်ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ အမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှာ တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှာ တစ်ကြိမ် မေတ္တာရပ်ခံခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)