
0
141




ရွေးကောက်ပွဲမှာ ဘင်္ဂါလီတွေ မဲမပေးနိုင်အောင် ဘိုင်အိုမက်ထရစ် လက်ဗွေ ကောက်ယူမယ်


ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ မဲဝင်မပေးနိုင်အောင် ကိုယ်ရေးအချက်အလက်နဲ့ ဘိုင်အိုမက်ထရစ် လက်ဗွေတွေ သီးခြား စုဆောင်းကောက်ယူဖို့ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်နေပါတယ်။


ဘင်္ဂါလီ ဒုက္ခသည်တွေကို နိုင်ငံသားကတ်ရအောင် လုပ်ပေးပြီး နိုင်ငံရေးပါတီကို မဲပေးခိုင်းကာ အပြန်အလှန်အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ် ရရှိအောင် လုပ်ဆောင်မှုတွေ ရှိတယ်လို့ စွပ်စွဲချက်တွေ ရှိခဲ့ပါတယ်။ အဲဒါကြောင့် ဒုက္ခသည်တွေ နိုင်ငံသားကတ် ရယူပြီး နိုင်ငံရေးပါတီတွေမှာ မဲပေးခွင့် မရအောင် အခုလို ကိုယ်ရေးအချက်အလက်နဲ့ ဘိုင်အိုမက်ထရစ် လက်ဗွေတွေ ကောက်ယူမှာ ဖြစ်ပါတယ်။


လက်ဗွေနဲ့ မျက်လုံးကို စကန်ဖတ်တဲ့ ဘိုင်အိုမက်ထရစ် အသေးစိတ်ပါ နိုင်ငံသားကတ်ကို ဘင်္ဂလားဒေ့ရှ်က ၂၀၁၆ ခုနှစ်မှာ နိုင်ငံသားတွေကို စတင် ထုတ်ပေးခဲ့ပါတယ်။ ဘင်္ဂါလီ ဒုက္ခသည် ၅ သိန်းကျော်ကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ ပူးပေါင်းပြီး ဘိုင်အိုမက်ထရစ် ကတ်တွေ လုပ်ပေးပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)