ကုလ အခ်က္အလက္ ရွာေဖြေရးအဖြဲ႔က IIMM ကို လႊဲေပး

0
200

ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရး အဖြဲ႔ (FFM) က ျမန္မာႏိုင္ငံအတြက္ လြတ္လပ္ေသာ စံုစမ္းစစ္ေဆးမႈ ယႏၱရား (IIMM) ကို လက္လႊဲေပးလိုက္ေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီက စက္တင္ဘာလ ၉ ရက္ ေန႔စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

လူ႔အခြင့္အေရးေကာင္စီက တည္ေထာင္ထားတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ သီးသန္႔လြတ္လပ္ေသာ ႏိုင္ငံတကာ အခ်က္အလက္ ရွာေဖြေရး မစ္ရွင္က သူတို႔လက္တြင္းရွိ အျပည္ျပည္ဆိုင္ရာ ဥပေဒလက္ေအာက္က ေလးနက္ေသာ ရာဇဝတ္မႈေတြရဲ႕ အေထာက္အထားေတြကို ေနာက္ဆက္တြဲ လုပ္ေဆာင္ဖို႔နဲ႔ ရာဇဝတ္မႈဆိုင္ရာ တရားစီရင္မႈေတြအတြက္ အမႈတြဲေတြကို ျပင္ဆင္ေပးဖို႔ လူ႔အခြင့္အေရး ေကာင္စီက လုပ္ပိုင္ခြင့္ေပးထားတဲ့ ယႏၱရားအသစ္ထံ ေျပာင္းလႊဲေပးလိုက္ၿပီ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ လာမယ့္ စက္တင္ဘာလ ၁၇ ရက္ေန႔မွာ အစိုးရလံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ေနာက္ဆံုးေပၚ လႈပ္ရွားမႈေတြနဲ႔ ပဋိပကၡနဲ႔ ပတ္သက္တဲ့ လူ႔အခြင့္အေရး အေျခအေနေတြအေပၚ မစ္ရွင္ရဲ႕ ေတြ႔ရွိခ်က္ေတြ ပိုမိုအေသးစိတ္ ပါရွိတဲ့ အစီရင္ခံစာကို ထုတ္မယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ကုလ အချက်အလက် ရှာဖွေရေးအဖွဲ့က IIMM ကို လွှဲပေး


ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ (FFM) က မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ကို လက်လွှဲပေးလိုက်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက စက်တင်ဘာလ ၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။


လူ့အခွင့်အရေးကောင်စီက တည်ထောင်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်က သူတို့လက်တွင်းရှိ အပြည်ပြည်ဆိုင်ရာ ဥပဒေလက်အောက်က လေးနက်သော ရာဇဝတ်မှုတွေရဲ့ အထောက်အထားတွေကို နောက်ဆက်တွဲ လုပ်ဆောင်ဖို့နဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်မှုတွေအတွက် အမှုတွဲတွေကို ပြင်ဆင်ပေးဖို့ လူ့အခွင့်အရေး ကောင်စီက လုပ်ပိုင်ခွင့်ပေးထားတဲ့ ယန္တရားအသစ်ထံ ပြောင်းလွှဲပေးလိုက်ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နောက်ဆုံးပေါ် လှုပ်ရှားမှုတွေနဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် မစ်ရှင်ရဲ့ တွေ့ရှိချက်တွေ ပိုမိုအသေးစိတ် ပါရှိတဲ့ အစီရင်ခံစာကို ထုတ်မယ်လို့လည်း ဖော်ပြထားပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)