ျမန္မာေရႊ႕ေျပာင္း လုပ္သားေတြ လြတ္လပ္စြာ လုပ္ကိုင္နုိင္ဖုိ႔ က်ြမ္းက်င္လုပ္သား ျဖစ္ဖုိ႔လုိ (႐ုပ္/သံ)

0
239

အာဆီယံနုိင္ငံအတြင္း က်ြမ္းက်င္လုပ္သားေတြ လြတ္လပ္စြာ ေရႊ႕ေျပာင္းလုပ္ကိုင္နုိင္ခြင့္ရရွိႏုိင္ဖို႔ အလုပ္အကုိင္အမ်ားစုမွာ က်ြမ္းက်င္လက္မွတ္ရရွိဖုိ႔ လုိအပ္ေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

အာဆီယံနုိင္ငံအတြင္း က်ြမ္းက်င္လုပ္သားေတြ လြတ္လပ္စြာ ေရႊ႕ေျပာင္းသြားလာနိုင္ခြင့္ ရရွိမယ့္ အေျခအေနေတြ ရွိလာေတာ့မွာျဖစ္ပါတယ္။

ျမန္မာနုိင္ငံအတြင္း ကၽြမ္းက်င္လုပ္သားလက္မွတ္ေတြနဲ႔.ျမန္မာနုိင္ငံသားေတြက အလုပ္အကုိင္အမ်ားစုမွာ လုပ္ကုိင္နုိင္ေရး က်ြမ္းက်င္လက္မွတ္ရွိဖုိ႔လုိအပ္ေနပါတယ္လုိ႔ ကၽြမ္းက်င္မႈ ေလ့က်င့္ေရးသင္တန္းေက်ာင္း ေက်ာင္းအုပ္ဆရာမႀကီး ကေျပာပါတယ္ ။

စက္တင္ဘာလ၈ရက္ေန႔က ရန္ကုန္ျမဳိ႕သု၀႑ၿမိဳ႕နယ္မွာရွိတဲ ဗဟုိေဆာက္လုပ္ေရးသင္တန္းေက်ာင္း အစည္းအေ၀းခန္းမမွာျပဳလုပ္တဲ့ အစည္းအေ၀းခန္းမမွာ ျပဳလုပ္တဲ့ ကၽြမ္းက်င္မႈ အသိအမွတ္ျပဳ လက္မွတ္ေပးအပ္ပြဲ ျပဳလုပ္ခဲ့တာပါ။

Soundbite ေဒၚခင္မာေအး (ေက်ာင္းအုပ္ဆရာမႀကီး )
ကၽြမ္းက်င္မႈေလ့က်င့္ေရးသင္တန္းေက်ာင္း (ရန္ကင္း)

ျမန္မာနုိင္ငံ လုပ္သားမ်ား ကၽြမ္းက်င္မႈ”စံ” သတ္မွတ္ျပဌာန္းေရးအဖြဲ႔ (NSSA)အေနနဲ.၃ႏွစ္တာကာလအတြင္း အသိမွတ္ျပဳလက္မွတ္ ၈ေထာင္နီးပါးထုတ္ေပးနုိင္ခဲ့ၿပီး အလုပ္အကုိင္၂၅မ်ဳိး စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္ ။

Soundbite ဦးမ်ဴိးေအာင္(သင္တန္းသား)
ျမန္မာနုိင္ငံ လုပ္သားမ်ား ကၽြမ္းက်င္မႈ”စံ” သတ္မွတ္ျပဌာန္းေရးအဖြဲ႔

ေဖေဖာ္၀ါရီလကေန မတ္လအတြင္းေျဖဆုိေအာင္ျမင္ခဲ့တဲ့ လုပ္သားဦးေရ (၆၃၉)ဦးကုိ ကၽြမ္းက်င္မႈ စစ္ေဆး အကဲျဖတ္ေရးဌာအျဖစ္ အသိအမွတ္ျပဳတဲ့ သင္တန္းေက်ာင္း ၆ ေက်ာင္းက စစ္ေဆးအကဲျဖတ္သူ (၂၇)ဦး စုစုေပါင္း၄၇ဦးကုိ အသိအမွတ္ျပဳ လက္မွတ္ေပးအပ္ခဲ့တာလည္းျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆီယံနိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားတွေ လွတ်လပ်စွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ခွင့်ရရှိနိုင်ဖို့ အလုပ်အကိုင်အများစုမှာ ကျွမ်းကျင်လက်မှတ်ရရှိဖို့ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

အာဆီယံနိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားတွေ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာနိုင်ခွင့် ရရှိမယ့် အခြေအနေတွေ ရှိလာတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ကျွမ်းကျင်လုပ်သားလက်မှတ်တွေနဲ့.မြန်မာနိုင်ငံသားတွေက အလုပ်အကိုင်အများစုမှာ လုပ်ကိုင်နိုင်ရေး ကျွမ်းကျင်လက်မှတ်ရှိဖို့လိုအပ်နေပါတယ်လို့ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ကပြောပါတယ် ။

စက်တင်ဘာလ၈ရက်နေ့က ရန်ကုန်မြို့သုဝဏ္ဍမြို့နယ်မှာရှိတဲ ဗဟိုဆောက်လုပ်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါ်ခင်မာအေး (ကျောင်းအုပ်ဆရာမကြီး )
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု”စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)အနေနဲ.၃နှစ်တာကာလအတွင်း အသိမှတ်ပြုလက်မှတ် ၈ထောင်နီးပါးထုတ်ပေးနိုင်ခဲ့ပြီး အလုပ်အကိုင်၂၅မျိုး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ် ။

Soundbite ဦးမျိူးအောင်(သင်တန်းသား)
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု”စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့

ဖေဖော်ဝါရီလကနေ မတ်လအတွင်းဖြေဆိုအောင်မြင်ခဲ့တဲ့ လုပ်သားဦးရေ (၆၃၉)ဦးကို ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာအဖြစ် အသိအမှတ်ပြုတဲ့ သင်တန်းကျောင်း ၆ ကျောင်းက စစ်ဆေးအကဲဖြတ်သူ (၂၇)ဦး စုစုပေါင်း၄၇ဦးကို အသိအမှတ်ပြု လက်မှတ်ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)