ပိတ္ဆို႔အေရးယူမႈ သက္တမ္းတိုးဖို႔ ဥေရာပႏိုင္ငံေတြ စဥ္းစားေန

1
216

ရခိုင္ျပည္နယ္ အေရးနဲ႔ပတ္သက္ၿပီး တပ္မေတာ္ ေခါင္းေဆာင္ပိုင္းကို ပိတ္ဆို႔အေရးယူမႈ ဆက္လက္ သက္တမ္းတိုးဖို႔ ဥေရာပသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြက စဥ္းစားေနတယ္လို႔ ေပၚလတီကို သတင္းဝက္ဘ္ဆိုက္က ေဖာ္ျပပါတယ္။

 

ရခိုင္ျပည္နယ္မွာ ဘဂၤါလီ မြတ္စလင္အေရးနဲ႔ ပတ္သက္လို႔ ဥေရာပသမဂၢက ျမန္မာအဆင့္ျမင့္အရာရွိ ၇ ဦးကို ခရီးသြားလာခြင့္နဲ႔ ပိုင္ဆိုင္ခြင့္ ထိန္းခ်ဳပ္တာေတြ လုပ္ထားခဲ့ၿပီး ျဖစ္ပါတယ္။ Reuters သတင္းေထာက္ ၂ ဦးကို ေထာင္ဒဏ္ခ်မွတ္တာနဲ႔ ပတ္သက္ၿပီး ပိတ္ဆို႔အေရးယူမႈေတြကို ဆက္လက္ သက္တမ္းတိုးဖို႔ စဥ္းစားေနတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔ အေရးယူမႈေတြကို အသစ္ထပ္လုပ္ဖို႔ ေဆြးေႏြးေနတာ ရွိတယ္လို႔ ဥေရာပ သမဂၢ အဖြဲ႔ဝင္ ႏိုင္ငံေတြက အရာရွိ ၃ ဦးက ေပၚလတီကို စာေစာင္ကို အတည္ျပဳ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးဖို့ ဥရောပနိုင်ငံတွေ စဉ်းစားနေ

ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်ပိုင်းကို ပိတ်ဆို့အရေးယူမှု ဆက်လက် သက်တမ်းတိုးဖို့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက စဉ်းစားနေတယ်လို့ ပေါ်လတီကို သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂက မြန်မာအဆင့်မြင့်အရာရှိ ၇ ဦးကို ခရီးသွားလာခွင့်နဲ့ ပိုင်ဆိုင်ခွင့် ထိန်းချုပ်တာတွေ လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။ Reuters သတင်းထောက် ၂ ဦးကို ထောင်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက် သက်တမ်းတိုးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို အသစ်ထပ်လုပ်ဖို့ ဆွေးနွေးနေတာ ရှိတယ်လို့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက အရာရှိ ၃ ဦးက ပေါ်လတီကို စာစောင်ကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.