Reuters သတင္းေထာက္ေတြ လႊတ္ေပးဖို႔ အင္ဒိုနီးရွား သတင္းေထာက္ေတြ ဆႏၵျပ

0
231

ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ခ်က္ ဥပေဒနဲ႔ ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ခံရတဲ့ Reuters သတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႔ကို လႊတ္ေပးဖို႔ အင္ဒိုနီးရွား သတင္းေထာက္ေတြက ျမန္မာသံ႐ံုးေရွ႕မွာ ဆႏၵျပခဲ့ၾကပါတယ္။

ဂ်ကာတာၿမိဳ႕ရွိ ျမန္မာသံ႐ံုးေရွ႕မွာ အင္ဒိုနီးရွား ဂ်ာနယ္လစ္ေတြက စက္တင္ဘာ ၇ ရက္ေန႔မွာ ဆႏၵျပခဲ့ၾကတာ ျဖစ္ၿပီး ဆႏၵျပပြဲကို အင္ဒိုနီးရွား အလြတ္သတင္းေထာက္ ဖိုရမ္ (FJFI) နဲ႔ လြပ္လပ္ေသာ သတင္းေထာက္မ်ား မဟာမိတ္ အဖြဲ႔ (AJI) တို႔က လုပ္ေဆာင္တာ ျဖစ္တယ္လို႔ ဂ်ကာတာ ဂလုပ္ (ဘ္) သတင္းက ေဖာ္ျပပါတယ္။

အင္ဒိုနီးရွား သတင္းေထာက္ေတြက ပါးစပ္ကို တိပ္နဲ႔ပိတ္၊ လက္ကို တိပ္နဲ႔ ခ်ည္ၿပီး ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။ ဂ်ကာတာ ႏိုင္ငံျခား သတင္းေထာက္မ်ား ကလပ္ (JFCC) ကလည္း ျမန္မာတရားစီရင္ေရးကို ျပစ္တင္ေဝဖန္တဲ့ ထုတ္ျပန္ခ်က္ ထုတ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Reuters သတင်းထောက်တွေ လွှတ်ပေးဖို့ အင်ဒိုနီးရှား သတင်းထောက်တွေ ဆန္ဒပြ

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို လွှတ်ပေးဖို့ အင်ဒိုနီးရှား သတင်းထောက်တွေက မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဂျကာတာမြို့ရှိ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား ဂျာနယ်လစ်တွေက စက်တင်ဘာ ၇ ရက်နေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး ဆန္ဒပြပွဲကို အင်ဒိုနီးရှား အလွတ်သတင်းထောက် ဖိုရမ် (FJFI) နဲ့ လွပ်လပ်သော သတင်းထောက်များ မဟာမိတ် အဖွဲ့ (AJI) တို့က လုပ်ဆောင်တာ ဖြစ်တယ်လို့ ဂျကာတာ ဂလုပ် (ဘ်) သတင်းက ဖော်ပြပါတယ်။

အင်ဒိုနီးရှား သတင်းထောက်တွေက ပါးစပ်ကို တိပ်နဲ့ပိတ်၊ လက်ကို တိပ်နဲ့ ချည်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဂျကာတာ နိုင်ငံခြား သတင်းထောက်များ ကလပ် (JFCC) ကလည်း မြန်မာတရားစီရင်ရေးကို ပြစ်တင်ဝေဖန်တဲ့ ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)