မြန်မာအစိုးရ ICJ နဲ့ HRC တို့ရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ OIC တိုက်တွန်း

0
883

မြန်မာအစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ HRC တို့ရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဖို့ အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က တိုက်တွန်းလိုက်ပါတယ်။

ဒါအပြင် အစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်လူနည်းစုတွေအပေါ် အခွင့်အရေး  ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ကိုလည်း OIC ရဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာ Yousef Al-Othaimeen က တောင်းဆိုထားတဲ့ အကြောင်း Arab News က ဖော်ပြထာတာပါ။

အလားတူ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း  ရိုဟင်ဂျာတွေအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့နဲ့ သူတို့ရဲ့ အခွင့်အရေးတွေ ရရှိဖို့အပါအဝင် လုံခြုံရေးအတွက်  အကြမ်းဖက်မှုပုံစံ အားလုံးကို ချက်ချင်းရပ်တန့်အောင် ထပ်မံပံ့ပိုးပေးကြဖို့ကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။ 

မြန်မာအစိုးရအနေနဲ့ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြုတာမျိုး မရှိပါဘူး။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)