AA နဲ့ ARSA ပူးတွဲပြီး စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေကြောင်း The Eastern Link ထုတ်ဖော်ရေးသား

0
1316

မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာထားတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နဲ့ ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) တို့ ပူးတွဲပြီး စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ The Eastern Link သတင်းဌာနက ထုတ်ဖော် ရေးသားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်ရှိ ဘင်္ဂလား စစ်အခြေစိုက်စခန်းဖြစ်တဲ့ Alikadam နဲ့ အလွန်အလှမ်းကွာဝေးပြီး နယ်ခြားစောင့် စခန်းငယ်တွေရှိပေမယ့်လည်း ကင်းလှည့်ဖို့ ခက်ခဲတဲ့ Naikhyongcheri ဒေသရှိ Dosori အရပ်မှာ ARSA အဖွဲ့ဝင်တွေ အဓိက ရွေ့လျားလှုပ်ရှားနေပြီး ယခုအခါ လေ့ကျင့်ရေးသင်တန်းကိုပါ ဖွင့်ထားတယ်လို့ ထုတ်ဖော်ရေးသားထားတာပါ။

နိုက်ဟောင်ချာရီ (Naikhongcheri) ဒေသရဲ့ တည်နေရာဟာ တစ်ဖက်မှာ မြန်မာနိုင်ငံနဲ့အတူ စစ်တကောင်းတောင်တန်းဒေသရဲ့ တောင်ဘက်အခြမ်းရှိနေပြီး တစ်ဖက်မှာတော့ ကော့ဘဇားကမ်းရိုးတန်းလွင်ပြင်နဲ့အတူ ပင်လယ်ပြင် ရှိနေတာပါ။

ဒါကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေ ဖော်ပြခဲ့တဲ့ တရုတ်နိုင်ငံလုပ် လက်နက်ခဲယမ်းတွေကို ထိုင်းနိုင်ငံကတဆင့် မှောင်ခိုသယ်ဆောင်လာတဲ့ လက်နက်တွေကို သယ်ဆောင်ဖို့ ရန်ကြိုးပမ်းနေတဲ့ ဒီအဖွဲ့တွေအတွက် မဟာဗျူဟာဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းလွင်ပြင်တွေကို (ရိုဟင်ဂျာ) လူမျိုးစုတွေ လွှမ်းမိုးထားပြီးနောက်ပိုင်း အားကောင်းလာတဲ့ ARSA ကို လက်နက်တွေကို သယ်ဆောင်ဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အနေနဲ့ ချဉ်းကပ်ခဲ့တယ်လို့လည်း ဆိုတာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယထောက်လှမ်းရေး ရင်းမြစ်တွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာ

ARSA နှင့် AA ခေါင်းဆောင်တွေ အတူတကွ ပူးပေါင်းရေး နည်းဗျူဟာဆိုင်ရာ နားလည်မှုကိုလည်း ရရှိခဲ့ကြပြီးဖြစ်တယ်လို့လည်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြထားပါတယ်။

ဒါ့အပြင် ARSA က AA အား သူတို့အဖွဲ့ကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းရေးအဖွဲ့ UNFC အတွင်း ထည့်သွင်းဖို့နဲ့ မြန်မာအစိုးရနဲ့ ညှိနှိုင်းနိုင်တဲ့ ဆက်စပ် လမ်းကြောင်းတွေမှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုတာပါ။

ဒီအချက်အပေါ် The Eastern Link သတင်းဌာနကတော့ ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို အစ္စလာမ္မစ်နိုင်ငံအဖြစ် ခွဲထွက်ရေးအစီအစဉ်ကို ဆက်လုပ်ဖို့ ဆန္ဒမရှိတော့ကြောင်း ပြသနေပေမယ့် အခြားသောတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့အတူ လက်တွဲလိုတဲ့ ဆန္ဒကိုပြသနေတာဖြစ်တယ်လို့ သုံးသပ်ရေးသားထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)