သမ္မတနဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ NLD အတည်ပြု

0
352

၂၀၂၀ ပြည့်နှစ် အထွထွေေ ရွေးကောက်ပွဲကြီးမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။

သူတို့နှစ်ဦး လာမယ့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာ ဖြစ်ပေမယ့် ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်ကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ မုံရွာအောင်ရှင်က ပြောပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးမှာတော့ ဦးဝင်းမြင့်ဟာ တာမွေ ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အဲဒီနောက် နိုင်ငံတော်သမ္မတ တာဝန်တွေကို ထမ်းဆောင်ဖို့ တင်မြှောက်ခံရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ကော့မှူး ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိပြီး နိုင်ငံတော်အင်္ဂါစဉ် ဒုတိယနေရာမှာရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ကို ထမ်းဆောင်ဖို့ တင်မြှောက်ခံထားရတာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလအတွင်း ကျင်းပသွားဖို့ လျာထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။

__________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)