၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လအတွင်း ကျင်းပဖို့ အစိုးရ အဆိုပြုထား

0
368

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ဇူလိုင်လအတွင်း ကျင်းပပေးဖို့ အစိုးရဘက်က အဆိုပြုထားတယ်လို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းမှာ ထည့်သွင်းချုပ်ဆိုမယ့် ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေ၊ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေတွေ၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္တ အစည်းအဝေး ကျင်းပနိုင်ဖို့အတွက် ဇွန်လ ၁၀ ရက် ဒီကနေ့ ပြုလုပ်တဲ့ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်း အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပဖို့အစိုးရရဲ့ အဆိုပြုချက်ကို ဒီကနေ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆွေးနွေးကြမယ့် တစ်ဖွဲ့ချင်း သဘောထားတွေကို စုစည်းပြီး အစိုးရဆီကို ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ်။

စတုတျတအကှိမြ ကငွြးပမယ့ြ ၂၁ ရာစု ပငလြုံညီလာခံကို အစက ဧပှီလအတှငြး ကငွြးပဖို့ လွာထားခဲ့ပမယေ့ြ COVID-19 ကပရြောဂါကှောင့ြ ရှှေ့ဆိုငြးလိုကရြတာ ဖှဈပါတယြ။

____________________

____________________

၂၁ ရာစု ပငျလုံညီလာခံကို ဇူလိုငျလအတှငျး ကငြျးပဖို့ အစိုးရ အဆိုပွုထား

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ဇူလိုင်လအတွင်း ကျင်းပပေးဖို့ အစိုးရဘက်က အဆိုပြုထားတယ်လို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းမှာ ထည့်သွင်းချုပ်ဆိုမယ့် ဖက်ဒရယ်လမ်းညွှန် အခြေခံမူတွေ၊ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေးအခြေအနေတွေ၊ COVID-19 ကပ်ရောဂါဆိုင်ရာ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္တ အစည်းအဝေး ကျင်းပနိုင်ဖို့အတွက် ဇွန်လ ၁၀ ရက် ဒီကနေ့ ပြုလုပ်တဲ့ NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်း အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပဖို့အစိုးရရဲ့ အဆိုပြုချက်ကို ဒီကနေ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆွေးနွေးကြမယ့် တစ်ဖွဲ့ချင်း သဘောထားတွေကို စုစည်းပြီး အစိုးရဆီကို ပြန်လည်ပေးပို့ပေးမှာ ဖြစ်ပါတယ်။

စတုတ္တအကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို အစက ဧပြီလအတွင်း ကျင်းပဖို့ လျာထားခဲ့ပေမယ့် COVID-19 ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)