၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနိုင်

0
454

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုမို အားကောင်းလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက် တိုင်းတာမှုအရ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ကာ၊ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့ ရောက်ရှိလာပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန် ဘင်္ဂလား ပင်လယ်အော်မှာတော့ အားအသင့်အတင့် ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။

ကနွမြှနမြာ့ပငလြယပြှငမြှာတော့ လှိုငြးအသင့အြတင့ရြှိပါမယြ။ လှိုငြးအမှင့မြှာ မှဈဝကွှနြးပေါြ၊ မုတျတမကှေ့၊ မှနြ-တနငြျသာရီကမြးရိုးတနြး တဈလွှောကနြဲ့ ကမြးလှနပြငလြယပြှငတြို့မှာ ၈ ပကနေေ ၁၀ ပခနေ့နြဲ့ ရခိုငကြမြးရိုးတနြး တဈလွှောကနြဲ့ ကမြးလှနပြငလြယပြှငတြို့မှာ ၅ ပကနေေ ၈ ပအထေိ ရှိနိုငတြယလြို့ မိုးလဝသေနှင့ြ ဇလဗဒေ ဦးစီးဌာနက သတငြးထုတပြှနထြားပါတယြ။

__________________

__________________


ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၄၈ နာရီအတွင်း ပိုမို အားကောင်းလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက် တိုင်းတာမှုအရ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ကာ၊ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့ ရောက်ရှိလာပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ  မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ကျန် ဘင်္ဂလား ပင်လယ်အော်မှာတော့ အားအသင့်အတင့် ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ 

ကျန်မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိပါမယ်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေကနေ ၁၀ ပေခန့်နဲ့ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေကနေ ၈ ပေအထိ ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)