ရွှေကူမှာ ကျပ်သိန်း ၁၀၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိ

0
226

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း တန်ဖိုးငွေကျပ် ၁၀၇၈၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် တရားခံတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ဆက်လက် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေကူမြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနဲ့အတူ ရွှေကူမြို့နယ်၊ မန္တလေး – ဗန်းမော် သွားကားလမ်း၊ ငါးအိုးကျေးရွာဘက်ကနေ ရွှေကူမြို့နယ်ဘက်ကို စိုးအောင် (၄၂ နှစ်) မောင်းနှင်ပြီး မြင့်သူထွန်း (ခ) မြင့်သူ (၃၈ နှစ်) နဲ့ မောင်ဇော် (၃၇ နှစ်) တို့ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ပါတယ်။

ယာဉ်ပေါ်ပါ ဆာလာအိတ်တွေ အတွင်းကနေ ရောင်စုံဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၈ ဒသမ ၁၄ ကီလို (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေ ကျပ် ၆၅၁၂ သိန်း) နဲ့ ပလတ်စတစ် ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၅၀၀ ပြား (ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၄၂၇၅ သိန်း) တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ဖမြးမိသူတှကေို ရှှကေူမှို့မ ရဲစခနြးမှာ မူးယဈဆေးဝါးနဲ့ စိတကြိုပှောငြးလဲစတေဲ့ ဆေးဝါးမွားဆိုငရြာ ဥပဒနေဲ့ အမှုဖှင့ြ အရေးယူထားပါတယြ။

__________________

__________________

ရှှကေူမှာ ကပြျသိနျး ၁၀၀၀၀ ကြောျ တနျဖိုးရှိ မူးယဈဆေးတှေ ဖမျးမိ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း တန်ဖိုးငွေကျပ် ၁၀၇၈၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် တရားခံတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ဆက်လက် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေကူမြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနဲ့အတူ ရွှေကူမြို့နယ်၊ မန္တလေး – ဗန်းမော် သွားကားလမ်း၊ ငါးအိုးကျေးရွာဘက်ကနေ ရွှေကူမြို့နယ်ဘက်ကို စိုးအောင် (၄၂ နှစ်) မောင်းနှင်ပြီး မြင့်သူထွန်း (ခ) မြင့်သူ (၃၈ နှစ်) နဲ့ မောင်ဇော် (၃၇ နှစ်) တို့ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ပါတယ်။ 

ယာဉ်ပေါ်ပါ ဆာလာအိတ်တွေ အတွင်းကနေ ရောင်စုံဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူအလေးချိန် ၈ ဒသမ ၁၄ ကီလို (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေ ကျပ် ၆၅၁၂ သိန်း) နဲ့ ပလတ်စတစ် ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၅၀၀ ပြား (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၄၂၇၅ သိန်း) တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ 

ဖမ်းမိသူတွေကို ရွှေကူမြို့မ ရဲစခန်းမှာ  မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။ 

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)