ကလေးအလုပ်သမား ပပျောက်ရေး အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေ

0
382

ကလေးအလုပ်သမား ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုနဲ့ အသိအမြင် နိမ့်ကျမှုတို့ကြောင့် ဖြစ်ပြီး ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေးဟာ မျက်မှောက် ကာလမှာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးက ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာနအနေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နဲ့ ပူးပေါင်းပြီး ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေးဆိုင်ရာ နည်းပညာရပ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး ၅ နှစ်တာ ကာလတို စီမံကိန်း ချမှတ်ရေးဆွဲနေကြောင်းလည်း ပြောပါတယ်။

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ မနေ့က ဇွန်လ ၉ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး အစီအစဉ်အရ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနနဲ့ ILO တို့ ပူးတွဲ ကျင်းပတဲ့ ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)