လိုင်းကား Brand New ကားသစ်များသာ မြို့တွင်း ပြေးဆွဲခွင့် ပြုဖို့ စီစဉ်မယ်

0
387

မြို့တွင်း ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ မီနီဘတ်စ်ကားတွေကို မြို့တွင်း ဝင်ရောက် ပြေးဆွဲခွင့် မပြုတော့ဘဲ စီးတီးဘတ်စ်တွေနဲ့သာ ပြေးဆွဲမှာ ဖြစ်ပြီး နောက်ပိုင်းမှာ Brand New ကားအသစ်တွေကိုပဲ မြို့တွင်း ပြေးဆွဲခွင့် ပြုတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ပြေးဆွဲနေတဲ့ လိုင်းကားဟောင်းတွေ နေရာမှာလည်း စီးတီးဘတ်စ်အသစ်တွေနဲ့သာ တဖြည်းဖြည်း အစားထိုး ပြေးဆွဲသွားမယ်လို့ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က ကြေးမုံသတင်းစာကို ပြောထားပါတယ်။

ရန်ကုန်တိုင်းအစိုးရ အဖွဲ့က မှာယူထားတဲ့ ဘတ်စ်ကား အစီး ၁ ထောင်၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်တဲ့ Omni Focus ကုမ္ပဏီက ဝယ်ယူမယ့် အစီး ၁ ထောင်၊ တခြား ကုမ္ပဏီတွေက ဝယ်ယူထားတာတွေနဲ့ ဆိုရင် ရန်ကုန်မှာ ဘတ်စ်ကားပေါင်း ၂၆၀၀ အထိ ရှိလာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်း အစိုးရ ဝယ်ထားတဲ့ ကားအစီး ၁ ထောင် ရောက်ရှိနေပြီး တခြားကုမ္ပဏီတွေက မှာယူလို့ ရောက်ရှိလာတာတွေနဲ့ဆိုရင် အစီး ၂ ထောင်လောက် ဖြစ်လာမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ကြေးမုံသတင်းစာကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)