ရန်ကုန်မြို့ရှုခင်းကြည့်ရှုနိုင်မယ့် ဟီလီယံမိုးပျံပူဖောင်းအတွက် အမေရိကန်ဒေါ်လာ ၁သန်းကျော် ကုန်ကျ ခံထား

0
348

ရန်ကုန်မြို့ ကန်တော်ကြီးငါးပြတိုက်နေရာဟောင်းမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ မိုးပျံပူဖောင်းကို အမေရိကန်နိုင်ငံ က ဟီလီယံဓါတ်ငွေကို အသုံးပြုထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ၀န်းကျင် ကုန်ကျခံပြုလုပ်ထားတာဖြစ်ပါတယ်။

အဲ့ဒီ မိုးပျံပူဖောင်း လွင့်တင်တဲ့အစီအစဉ်ကို အမေရိကန် စီးပွားရေးလုပ်ငန်းစုတစ်စုနဲ့ မြန်မာနိုင်ငံက Culture Attractions Ltd က တာဝန်ယူလုပ်ကိုင်မှာဖြစ်ပါတယ်။

အဲ့ဒီ မိုးပျံပူဖောင်းကို နေ့စဉ် မနက် ၆ နာရီကနေ ၉ နာရီအတွင်း အကြိမ် ၃၀ လွင့်တင်မှုပြုလုပ်ပေးမှာဖြစ်ပြီး တစ်ကြိမ်လွင့်တင်ရင် လူ အယောက် ၂၀ ကနေ ၁၀ ယောက် အထိ လိုက်ပါစီးနင်နိုင်ပါတယ်။

မိုးပျံပူဖောင်းဟာ အမြင့်ပေ ၄၀၀ ကျော် အထိ တက်ရောက်နိုင်ပြီး စီးနင်းခအနေနဲ့ မြန်မာနိုင်ငံသားတစ်ဦး ကို ၁သောင်းကျပ်နဲ့ နိုင်ငံခြားသားတစ်ဦး ကို အမေရိကန်ဒေါ်လာ ၂၀ အဖြစ်သတ်မှတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)