လာမယ့်နှစ်မှာ  ရန်ကုန်တိုင်းအတွင်းက လမ်းအသုံးပြုခတွေ ကောက်ခံတော့မှာမဟုတ်

0
287

လာမယ့်နှစ် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ လမ်းအသုံးပြုခတွေကို ကောက်ခံမှာ မဟုတ်တော့ပါဘူးလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ဇွန်လ၉ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ တစ်နှစ်တာ အတွင်း လုပ်ဆောင်တာတွေနဲ့ ပါတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးဒေါ်နီလာကျော်က ပြောဆိုလိုက်တာပါ။

ဒ့ါအပြင်ရန်ကုန်တိုင်းက တံတားတွေ တင်ဒါချထားပေးတဲ့နေရာမှာ တင်ဒါဆွဲတဲ့သူတွေက တန်ပိုချိန်ရာမှာ တန်ပိုအတွက် ဒဏ်ကြေးသာ ကောက်ခံပြီး ဖြတ်သန်း ခွင့်ပြုထား တာကြောင့် တံတားတွေ ထိခိုက်မှုရှိနေပြီး လက်ရှိအချိန်မှာ  တန်ပိုတင်ဆောင်တာတွေ ကိုခွင့်မပြုတော့ဘဲ တံတား ဖြတ်သန်းခတွေကိုလည်း မကောက်ခံတော့ကြောင်း ၀န်ကြီးဒေါ်နီလာကျော်ကပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)