မြန်မာ့လက်ရွေးစင်အသင်း စင်္ကာပူ ကလပ်အသင်းနဲ့ ခြေစမ်းပွဲမှာ ရှုံး

0
271

အာရှဖလား ခြေစစ်ပွဲအတွက် စင်္ကာပူနိုင်ငံမှာ သွားရောက် လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် အသင်းဟာ စင်ကာပူကလပ်တစ်ခုဖြစ်တဲ့ နီဂါတာအသင်းနဲ့ မနေ့က ဇွန်လ ၉ ရက်နေ့က ခြေစမ်းပွဲ ယှဉ်ပြိုင်ရာမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

၇၁ မိနစ်မှာ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းပြီး နီဂါတာ အသင်းက အနိုင်ဂိုး ရသွားတာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းဟာ စင်္ကာပူမှာ ခြေစမ်းပွဲ နှစ်ပွဲ ကစားတာမှာ စင်္ကာပူလက်ရွေးစင် အသင်းနဲ့ ခြေစမ်းပွဲတုန်းက တစ်ဂိုးစီနဲ့ သရေကျခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)