ရာသီဥတု ဆိုးရွားတဲ့အတွက် Y-8 ပျက်ကျ လေယာဉ် ရှာဖွေ ဆယ်ယူရေး ရပ်နားနေရ

0
316

Y-8 ပျက်ကျ စစ်လေယာဉ် ရှာဖွေရေး လုပ်ဆောင်နေတဲ့ ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးရွာနေတာကြောင့် ရှာဖွေရေးလုပ်ငန်းတွေ ခေတ္တ ရပ်နားထားရတယ်လို့ ဒီနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ပင်လယ်ပြင်မှာ လေတိုက်နှုန်းက ၁ နာရီ ၁၅ မိုင်ကနေ မိုင် ၂၀ အတွင်း တိုက်ခတ်နေပြီး လှိုင်းအမြင့် ၉ ပေအထိ ရှိနေတာ ဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ပိုအားကောင်းလာနေပြီ ဒီနေ့ ညနေပိုင်းမှာ မုန်တိုင်ငယ်တစ်ခုအဖြစ် ရောက်ရှိနိုင်တယ်လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ရာသီဥတု အခြေအနေ ကောင်းမွန်လာတဲ့အခါ လေတပ် လေယာဉ်၊ စစ်ရေယာဉ်တွေနဲ့ ဒေသခံ ငါးဖမ်းစက်လှေတွေ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ စောင့်ဆိုင်းနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)