ကနေဒါနဲ့ မြန်မာ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား အပြန်အလှန် စေလွှတ်ရေး ဆွေးနွေး

0
455

ကနေဒါနဲ့ မြန်မာ နှစ်နိုင်ငံအကြား ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေ အပြန်အလှန် စေလွှတ်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။

ကနေဒါရောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်တိုရီယို ပြည်နယ် ဝန်ကြီးချုပ် မစ္စ ကက်သရင်းဝင်းတို့ ဆွေ့ဆုံစဉ် အဲဒီလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား လူငယ်တွေ အချင်းချင်း ထိဆွေ့ဆက်ဆံမှု တိုးမြှင့်ရေးအတွက် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေ အပြန်အလှန် စေလွှတ်ဖို့ရည်ရွယ်တာ ဖြစ်ပါတယ်။

အွန်တိုရီယိုပြည်နယ်က စေတနာ့ ဝန်ထမ်းတွေ မြန်မာနိုင်ငံ လာရောက်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)