ဦးကိုနီအားလုပ်ကြံမှုမှာ ပါဝင်သူ အောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး အထူးခုံရုံးမှာ စစ်ဆေး

0
302

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ် ဖြင့် ပစ်ခတ်လုပ်ကြံမှုနှင့်ပတ်သက်ပြီး ကြည်လင်း အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ကို မနေ့က မြောက်ပိုင်း ခရိုင် အထူးခုံရုံမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီအမှုနဲ့ပါတ်သက်ပြီး   တရားရုံးမှာ တရားခံပြေး အောင်ဝင်းခိုင်ကို နေပြည်တော်တိုင်းဒေသကြီမှာ  ရှာဖွေဖမ်းဆီးဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် လေးယောက်နဲ့  အရပ်သက်သေ နှစ်ယောက် တို့ကလာရောက်သက်သေခံခဲ့ပါတယ်။

အဲ့ဒီအမှုမှာ တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းဆီးရရှိရေးအတွက် ဖမ်းဝရမ်းထုတ် တဲ့ အချိန်ကာလမှာ တရားခံပြေး အောင်ဝင်းခိုင်ကို  ရှာဖွေစစ်ဆေးမှု လုပ်ဆောင်ချက်အသေးစိတ်အား ခြောက်ဦး စလုံးက လျှောက်လဲချက်တင်ပြခဲ့ပြီး  ဇွန် ၁၆ ရက်နေ့မှာ  အသေး စိတ်ထပ်မံစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)