ပျက်ကျ လေယာဉ်ကနေ ဆယ်ယူရရှိတဲ့ အလောင်း ၃၃ လောင်း ရှိလာ

0
354

Y-8 ပျက်ကျ စစ်လေယာဉ်ကနေ လိုက်ပါသွားသူတွေရဲ့ အလောင်းတွေကို ရှာဖွေ ဆယ်ယူနေရာမှာ ဒီနေ့ ဇွန်လ ၁၀ ရက်နေ့ မနက် ၁၁ နာရီကျော်က အလောင်း တစ်လောင်း ထပ်မံ ဆယ်ယူရရှိတဲ့အတွက် ဆယ်ယူရရှိတဲ့ အလောင်း စုစုပေါင်း ၃၃ လောင်း ရှိသွားပြီ ဖြစ်ပါတယ်။

ဆေးဘက်ဆိုင်ရာ စစ်ဆေးနေတဲ့ အလောင်း ၃၂ လောင်းအနက် မိသားစုဝင်များကပါ ကြည့်ရှုစစ်ဆေးပြီး အမည် အတည်ပြုနိုင်တဲ့ ရုပ်အလောင်း ၁၀ လောင်းကို မနေ့က ဇွန်လ ၉ ရက်နေ့မှာ သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်ပါတယ်။

အမည်အတည်ပြုနိုင်တဲ့ အလောင်း ၁၉ လောင်း ရှိသွားပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)