အခြေခံဥပဒေကို လက်ရှိ လွှတ်တော် သက်တမ်းအတွင်း ပြင်ဆင်မယ်

0
330

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ရှိလွှတ်တော်သက်တမ်း ငါးနှစ်အတွင်း ပြင်ဆင်သွားမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ပြောဆိုလိုက်ပါတယ်။

13441711_254309934941305_1848557803_o

ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် သတင်းစာရှင်းလင်းပွဲမှာ အခြေခံဥပဒေကိုလွှတ်တော်သက်တမ်း၅နှစ်အတွင်းပြန်လည်ပြီးတော့အပြီးသတ်ပြင်ဆင်ဖို့ရှိသလားဆိုတဲ့မေးခွန်းကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဲဒီလိုပြန်လည်ဖြေကြားခဲ့တာပါ။

ဒါ့အပြင် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးစတဲ့အချက်တွေကိုလည်း ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးဟာ ဒီကနေ့ပြီးဆုံးတာဖြစ်ပြီး အခုဒီသတင်းစာရှင်းလင်းပွဲကို အစည်းအဝေးပြီးဆုံးတဲ့အနေနဲ့ ပြုလုပ်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)