Puma Energy ရဲ့ ခေတ်မီရေနံထွက်ပစ္စည်း သိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း စတင်

0
303

Puma Energy နဲ့ Asia Sun Energy တို့ ပူးပေါင်းထားတဲ့  Puma Energy Asia Sun (P.E.A.S) ဖက်စပ် ကုမ္ပဏီက မြန်မာပြည်ရဲ့ကြီးဆုံး ခေတ်မီ ရေနံထွက်ပစ္စည်း  သိုလှောင်ဖြန့်ဖြူးရေး အလုပ်ရုံကို သီလ၀ါ ဆိပ်ကမ်းမှာ မေလ (၆) ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

သတင်းဓာတ်ပုံ- NYEIN CHAN NAING ( EPA/YANGON )

အဲ့ဒီစီမံကိန်းကို အမေရိကန်ဒေါ်လာ ၉၂ မီလီယံ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားတာဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ သီလ၀ါ ဆိပ်ကမ်း ရေနံထွက်ပစ္စည်း သိုလှောင်ဖြန့်ဖြူးရေး အလုပ်ရုံဟာ လောင်စာဆီ ကုဗမီတာ ၉၁၀၀၀ လောက် သိုလှောင်နိုင်မှာပါ။ အဲ့ဒီမှာတော့ ဈေးကွက်ဝင်လောင်စာဆီတွေဖြစ်တဲ့ ( Mogas 95 and 92, low sulphur Diesel, heavy fuel oil HFO, bitumen and jet fuel) စတဲ့ လောင်စာဆီတွေ တင်သွင်းဖြန့်ဖြူးရာနေရာ ဖြစ်လာနိုင်နေတာပါ။

“အဓိက အရေးကြီးတဲ့ စွမ်းအင်နဲ့ လောင်စာ အခြေခံ အဆောက်အအုံအတွက် ဒီ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လောက်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကနေ တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွါးကို ဖော်ဆောင်နိုင်လိမ့်မယ်။ မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးအတွက် မြင့်မားလာနေတဲ့ လောင်စာဆီ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်။” လို့ Puma Energy Asia Sun ရဲ့ အထွေထွေ မန်နေဂျာ ဒေးဗစ် ဟိုလ်ဒန်က ပြောပါတယ်။

 PEAS အနေနဲ့ ခန့်ထားတဲ့ အချိန်ပြည့်ဝန်ထမ်း ၈၀ ထဲမှာ  မြန်မာ ၀န်ထမ်းအများစု ပါဝင်ပြီး နိုင်ငံတကာ စံခိျန်စံညွှန်းမီ အရည်သွေးပြည့်ဝတဲ့ ကုန်ပစ္စည်း တွေဖြန့်ဖြူး နိင်တဲ့ အထိ လေ့ကျင့် သင်ကြားပေးထားပါတယ်။

Puma Energy Asia Sun ရဲ့ ဥကဋ္ဌ ဖြစ်သူ ဦးဝင်းကျော်က “ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင် ဓါတ်ခွဲခန်း၊ ခေတ်မီအရည်အသွေးထိန်းချုပ်စနစ် စတဲ့ ထူးခြားတဲ့ ၀န်ဆောင်မှု တွေက P.E.A.S ကို  မြန်မာနိုင်ငံရဲ့ စိတ်အချရဆုံး နဲ့ အရည်အသွေး အမြင့်ဆုံး လောင်စာဆီ ဖြန့်ဖြူး ရာ နေရာ ဖြစ်လာစေလိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောကြားလိုက်ပါတယ်။

Puma Energy ဟာ စင်္ကာပူနိုင်ငံအခြေစိုက် အမေရိကန် စွမ်းအင်နဲ့ ရေနံဆက်စပ်ပစ္စည်းတွေ သယ်ယူပို့ဆောင် သိုလှောင်ဖြန့်ဖြူးရောင်းချတဲ့ လုပ်ငန်းတွေကို နိုင်ငံပေါင်း ၄၅ နိုင်ငံ မှာ အရောင်းဆိုင်ပေါင်း ၂၅၀၀ ကျော် ဖွင့်လှစ် လုပ်နေတဲ့ ကုမ္ပဏီ တစ်ခုပါ။  Asia Sun Energy ကတော့ မြန်မာလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ လောင်စာဆီဖြန့်ဖြူးရောင်းချရေးမှာ အတွေ့အကြုံ ရှိတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)