မင်္ဂလာတောင်ညွန့် အထိကရုန်း သေနတ် ၂ ချက် ပစ်ဖောက်ဟန့်တားခဲ့ရ

0
306

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မေလ ၉ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ အထိကရုန်းမှာ ရဲတပ်ဖွဲ့ သေနတ် ၂ ချက်ပစ်ဖောက် ဟန့်တားခဲ့ရပါတယ်။

သတင်းဓာတ်ပုံ – Lin Bo Bo (EPA/YANGON)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် မြယာကုန်းလမ်းနဲ့ ၁၂၂ လမ်းထောင့်ရှိ တိုက်ခန်းတခုမှာ ခိုးဝင်ဘင်္ဂလီတွေ ရောက်ရှိနေတယ်လို့ သတင်းတွေအရ လ၀က၊ ရဲတပ်ဖွဲ့၊ ရဟန်းသံဃာတော်တွေနဲ့ မျိုးချစ်အင်အားစုတွေက ၀င်ရောက် စစ်ဆေးခဲ့တာပါ။  

အဲ့ဒီလို စစ်ဆေးပြီး ပြန်ဆင်းလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ မျိုးချစ်အင်အားစုတွေနဲ့ လာရောက် ကြည့်ရှု့နေသူတွေ အချင်းများပြီး အပြန်အလှန် ရိုက်နှက်ကြရာက အထိကရုန်းစတင်ခဲ့တာပါ။

 အဲ့ဒီ အထိကရုန်းမှာ အပြန်အလှန်ရိုက်နက်မှုတွေကြောင့် နှစ်ဦး ဒဏ်ရာရှိခဲ့တာဖြစ်ပါတယ်။

အထိကရုန်းစတင်ဖြစ်ပွားချိန်မှာ အချိန်မှီ တားဆီးအရးယူမှုတွေ မပြုလုပ်နိုင်ခဲ့တာကြောင့် တင်မာမှုတွေ မြင့်မားလာပြီး ရဲတပ်ဖွဲ့က သေနတ် နှစ်ချက် ပစ်ဖြောက်ကာ ဟန့်တားခဲ့ရတာဖြစ်ပြီး လုံခြုံရေး အင်အားကို တိုးမြှင့် ချထားခဲ့ရတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)