မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ ၄ ဦး ထပ်တိုး၊ ကူးစက်သူ ၂၇ ဦး ရှိလာ

0
195

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ နောက်ထပ် ၄ ဦး တွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဧပြီလ ၁၀ ရက်နေ့မှာ ကြေညာပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်သူ စုစုပေါင်း ၂၇ ဦး ရှိသွားပြီ ဖြစ်ပြီး အဲဒီထဲက ရောဂါအခံရှိသူ ၃ ဦးကတော့ သေဆုံးခဲ့ပါတယ်။ လူနာအမှတ် ၂၄ က မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံ၊ လူနာ အမှတ် ၂၅ နဲ့ ၂၆ က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လူနာအမှတ် ၂၇ က ကျိုက်မရော ပြည်သူ့ဆေးရုံကြီးတို့မှာ ကုသမှု ခံယူနေပါတယ်။

အခု ထပ်မံတွေ့ရှိရတဲ့ လူနာ ၄ ဦးဟာ လွန်ခဲ့တဲ့ ၁၄ ရက်က ခရီးသွားရာဇဝင် မရှိကြဘူး ဆိုပေမယ့် လူနာ အမှတ် ၂၄ က မတ်လ ၁၉ ရက်မှာ စင်ကာပူက ပြန်လာသူဖြစ်ပြီး လူနာ အမှတ် ၂၇ က မတ်လ ၂၀ ရက်နေ့မှာ ထိုင်းနိုင်ငံက ပြန်လာသူ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)