ARSA အကြမ်းဖက်အဖွဲ့ ယာယီစခန်းတစ်ခု တွေ့ရှိ

0
377

ARSA အကြမ်းဖက်အဖွဲ့ရဲ့ ယာယီစခန်းတစ်ခုကို ဖော်ထုတ်ရရှိတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ARSA အကြမ်းဖက်အဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ စိမ့်ဝင်ပြီး အဖျက်အမှောင့်နဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ရှိကြောင်း သတင်းရရှိခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေးကို ဆောင်ရွက်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာ အနောက်ဘက် မီတာ ၂၅၀၀ မှာ မသင်္ကာဖွယ်ရာ တဲ ၂ လုံးကနေ လက်နက်ငယ်ကျည်၊ စကားပြောစက်၊ ပြောက်ကြားဝတ်စုံ၊ စားနပ်ရိက္ခာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည်စခန်းမှာ UNHCR က ထုတ်ပေးတဲ့ ကတ်ပြားတို့ကို တွေ့ရှိခဲ့တာပါ။

ဒါ့အပြင် AA လက်နက်ကိုင်အဖွဲ့တွေ အခြေပြုတဲ့ ယာယီနေရာတစ်ခုကိုလည်း ပုဏ္ဏားကျွန်းမြို့ အနောက်ဘက် မီတာ ၇၀၀၀ အကွာမှာ တွေ့ရှိရပြီး ပစ်ကျင်း၊ ခဲယမ်း၊ NGO အဖွဲ့တွေက စစ်ဘေးရှောင်စခန်းတွေကို ထောက်ပံ့လှူးဒါန်းထားတဲ့ ရိက္ခာပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ARSA အကြမ်းဖက်အဖွဲ့ ယာယီစခန်းတစ်ခု တွေ့ရှိ

ARSA အကှမြးဖကအြဖှဲ့ရဲ့ ယာယီစခနြးတဈခုကို ဖောထြုတရြရှိတယလြို့ တပမြတောြ ကာကှယရြေး ဦးစီးခွုပရြုံးက ဧပွီလ ၈ ရကျနေ့မှာ သတငြးထုတပြှနထြားပါတယြ။

ARSA အကြမ်းဖက်အဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ စိမ့်ဝင်ပြီး အဖျက်အမှောင့်နဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ရှိကြောင်း သတင်းရရှိခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေးကို ဆောင်ရွက်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာ အနောက်ဘက် မီတာ ၂၅၀၀ မှာ မသင်္ကာဖွယ်ရာ တဲ ၂ လုံးကနေ လက်နက်ငယ်ကျည်၊ စကားပြောစက်၊ ပြောက်ကြားဝတ်စုံ၊ စားနပ်ရိက္ခာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒုက္ခသည်စခန်းမှာ UNHCR က ထုတ်ပေးတဲ့ ကတ်ပြားတို့ကို တွေ့ရှိခဲ့တာပါ။

ဒါ့အပြင် AA လက်နက်ကိုင်အဖွဲ့တွေ အခြေပြုတဲ့ ယာယီနေရာတစ်ခုကိုလည်း ပုဏ္ဏားကျွန်းမြို့ အနောက်ဘက် မီတာ ၇၀၀၀ အကွာမှာ တွေ့ရှိရပြီး ပစ်ကျင်း၊ ခဲယမ်း၊ NGO အဖွဲ့တွေက စစ်ဘေးရှောင်စခန်းတွေကို ထောက်ပံ့လှူးဒါန်းထားတဲ့ ရိက္ခာပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)