ကသာမြို့ကလူသတ်ထွက်ပြေးသူနှစ်ဦးတစ်နာရီအတွင်းဖမ်းဆီးရမိ

0
312
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ လူသတ်ထွက်ပြေးသူ နှစ်ဦးကို တစ်နာရီအတွင်း ဖမ်းဆီးရမိခဲ့ ပါတယ်။

ကသာမြို့ ပြည်သာယာကွက်သစ်မှာ ဧပြီလ ၉ ရက်နေ့က သိန်းထိုက် ၊ ဝေလင်းထွန်းနဲ့ ကျော်သူရ (ခ) ဘဲဥ တို့ သုံးဦး ရန်ဖြစ်ရာကနေ သန်းထိုက် ဆိုသူက ခြံစည်းရိုးက ၀ါးရင်းဒုတ်နဲ့ ဝေလင်းထွန်းကို ရိုက် နှက်ခဲ့ လို့ နားရွက်စုတ်ပြဲ ဦးခေါင်းပိုင်းဒဏ်ရာ ရခဲ့ပြီး၊ ကျော်သူရ(ခ) ဘဲဥ ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ကသာမြို့မရဲစခန်းက ဝေလင်းထွန်း နဲ့ လူသတ်မှုကျူးလွန်ခဲ့သူ သိန်းထိုက် တို့နှစ်ဦးကို လူသတ်မှုပုဒ်မနဲ့ အမှုဖွင့်အရေးယူထားပြီဖြစ်ပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)