ပဲခူးမြို့မှာ လိုင်စင်မဲ့ကား စီးတဲ့ ရဲစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင် ဖမ်းဆီးခံရ

0
292

ပဲခူးတိုင်းဒေသကြီး တန်းတပင်မြို့နယ်မှာ ဧပြီလ ၈ ရက်နေ့က ရဲစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင် တို့ကို တရားမဝင် လိုင်စင်မဲ့ကားများ စီးနင်းမှုကြောင့် ဖမ်းဆီးခဲ့ပါတယ်။

ဖြစ်စဉ်မှာ ရဲစခန်းဝင်းအတွင်း ရပ်ထားတဲ့ YGN2D/4048နံပတ်တပ်HONDA STREAM ကား နဲ့ YGN5B/18512 နံပါတ်တပ် GRADE FOUR MARK –ll ကား နှစ်စီးကို တွေ့လို့ မေးမြန်းခဲ့ရာမှာ HONDA STREAM ကားမှာ ရဲအုပ် တစ်ဦးမှ ငွေကျပ် ၁၈ သိန်း နဲ့ ၀ယ်ယူစီးနင်းခဲ့တဲ့ လိုင်စင်မဲ့ကားဖြစ်ပြီး၊ GRADE FOUR MARK-II ကားမှာ ဒုရဲအုပ်တစ်ဦးမှ ငွေကျပ် ၁၂ သိန်းနဲ့ ၀ယ်ယူစီးနင်းတဲ့ ကား ဖြစ်ပါတယ်။

တရားမ၀င် လိုင်စင်မဲ့ ကားနှစ်စီးနဲ့ သော့များကို တောင်ငူခရိုင်ရဲတပ်ဖွဲ့ရုံးသို့ ပေးအပ်ခဲ့ပြီး၊ တရားမ၀င် လိုင်စင်မဲ့ကား လက်ဝယ်ထားရှိစီးနင်းသူတွေကိုတော့ အမှုဖွင့်အရေးယူထားပြီဖြစ်ပါတယ်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)