အိမ်သာကျင်း တူးရာကနေ စစ်ကျန်ဗုံးသီးများ တွေ့ရှိ

0
335

ပဲခူးတိုင်းဒေသကြီး၊ မဇင်းရပ်ကွက် မှာ ဧပြီလ ၈ ရက်နေ့က အိမ်သာကျင်းတူးရာကနေ စစ်ကျန်သံသေတ္တာ နှစ်လုံး
တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ပဲခူးမြို့၊ မဇင်းရပ်ကွက် မဟာစေတီဘုရားလမ်းနေ ဦးသက်ဆွေ နေအိမ်မှာ အိမ်သာဆားဗစ်ကန် တူးဖော်စဉ် အနက် ၄ ပေခွဲ အရောက်မှာ သံသေတ္တာတစ်လုံးကို တွေ့ရှိခဲ့ပြီး အဲဒီသေတ္တာထဲမှ ဗုံးသီးထိပ်ဖူးလို့ ယူဆရတဲ့အရာ ၄၁ ခု တွေ့ရှိခဲ့ရပါတယ်။

ဆက်လက် တူးဖော်ခဲ့ရာမှာ နောက်ထပ် ဆွေးမြေ့ပျက်စီးနေတဲ့ သံသေတ္တာပျက်တစ်လုံးကို တွေ့ရှိခဲ့ရပြီး နောက်ထပ် ကျည်ဆံထိပ်ဖူးလို့ ယူဆရတဲ့ အရာ ၂၄ ခု ထပ်မံ တွေ့ရှိခဲ့ပါတယ်။

ဗုံးသီးထိပ်ဖူး စုစုပေါင်း (၆၅) လုံးကို တူးဖော်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)