ငဝန်မြစ်တွင်း ရေယာဉ် နစ်မြုပ်မှု သေဆုံးသူ ၃၀ အထိ ရှိလာ

0
272

ငဝန်မြစ်အတွင်း ခရီးသည် ၆၀ ပါ ရေယာဉ် နစ်မြုပ်မှုမှာ မနေ့က ဧပြီ ၉ ရက်က အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိတာကြောင့် သေဆုံး စုစုပေါင်း ၃၀ ရှိသွားပြီ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ငဝန်မြစ်အတွင်း ဧပြီလ ၇ ရက်နေ့က မင်္ဂလာဆောင်ကနေ ပြန်လာတဲ့ ငွေကြယ်ပွင့် သင်္ဘောဟာ ည ၇ နာရီခွဲမှာ ကျောက်တင် ရေယာဉ်နဲ့ တိုက်မိပြီး နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပြီးနောက် ခရီးသည် ၃၀ ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ခရီးသည် ၂၀ ရဲ့ အလောင်းကိုလည်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဧပြီလ ၉ ရက်နေ့မှာ ရေယာဉ်မောင်သူ ကိုလင်းထိုက် (၃၁ နှစ်) နဲ့ တခြား ၉ ဦးရဲ့ အလောင်းတွေကို ထပ်မံ တွေ့ရှိတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)