တရားခံပြေး အောင်ဝင်းခိုင်ကို အင်တာပိုကပါ ဖမ်းဝရမ်း ထုတ်

0
282

ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံပြေး အောင်ဝင်းခိုင်ကို အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပို (Interpol) နဲ့ ချိတ်ဆက်ပြီး အနီရောင် ကြေညာချက် (Red Notice) ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး ဦးကိုနီကို ကြည်လင်းက သေနတ်နဲ့ အနီးကပ် ပစ်ခတ် လုပ်ကြံမှုမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ အောင်ဝင်းခိုင် (၄၅ နှစ်) ကို ဖမ်းဆီးမိရေး အထူးဝရမ်းထုတ်ဖို့ ရှေ့နေတွေက တင်ပြခဲ့ဖူးပါတယ်။

အောင်ဝင်းခိုင်ကို ဖမ်းမိရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အင်တာပို အထွေထွေ အတွင်းရေးမှူးချုပ်ရုံးနဲ့ ချိတ်ဆက်ပြီးတော့ ဖမ်းဝရမ်း ထုတ်လိုက်တာ ဖြစ်ပါတယ်။

လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ကို လေးကြိမ်မြောက် ရုံးထုတ် စစ်ဆေးပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)