
0
1020




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကယ်ဒမီဆုအတွက် ရုံတင်ကား ၅၃ ကားကို ကြည့်ရှုစိစစ်ပြီး

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အတွက် ၂၀၁၇ ခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ ဇာတ်ကား ၅၃ ကားကို အကြိမ်များစွာ ၂ လ အချိန်ယူပြီးနောက် အပြီးသတ် ကြည့်ရှုပြီးစီးပြီ ဖြစ်ပါတယ်။

အရင်တုန်းက အကယ်ဒမီဆု ၁၁ ဆုနဲ့ အထူးဆု ဆိုပြီး ချီးမြှင့်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် အကယ်ဒမီဆုအတွက် ဆု ၁၃ ဆု အထိ ချီးမြှင့်ဖို့ ရည်ရွယ်ထားပါတယ်။ မတ် ၂၃ ရက်တွင် ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲ တက်ရောက်သူတွေကို တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ နှုန်း တန်ဖိုးရှိ အစားအသောက်တွေနဲ့ ဧည့်ခံဖို့ စီစဉ်ထားပါတယ်။

အခုနှစ်မှာ အကယ်ဒမီ ဗန်းကိုင်၊ ရွှေကြိုတွေကို သီးခြား မရွေးချယ်ဘဲ အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ သားသမီးတွေကိုသာ “အကူမောင်မယ်” များအဖြစ် ရွေးချယ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)