
0
890



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နမ့်ခမ်းမြို့နယ်မှာ ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲမှု ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မန်စကပ်ကျေးရွာ အနောက်တောက်ဘက်က တောင်ယာခင်းကို ဗုံးသီး ၂ လုံး ကျရောက် ပေါက်ကွဲတဲ့အတွက် ၂ ဦး ဒဏ်ရာရရှိသွားပါတယ်။

တောင်ယာခင်းထဲမှာ လက်ဖက်ခူးနေတဲ့ မန်စပ်ရွာနေ ဒေါ်အေးမွန် (ခ) ဒေါ်ရာလူးအောင်ဆာ (၅၅ နှစ်) မှယ ကျောဘက်ဝဲလက်ပြင်အောက် ဗုံးစထိမှန် ဖောက်ဝင်ဒဏ်ရာနဲ့ ခင်ပွန်း ဦးအောင်ဆာ (၅၅ နှစ်) မှာ ယာပုခုံး ဗုံးစ ရှပ်ထိမှန်ဒဏ်ရာတို့ ရရှိခဲ့လို့ နမ့်ခမ်းဆေးရုံကို ပို့ဆောင် ကုသထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)