ေမာင္ေတာၿမိဳ႕နယ္ကို ဘဂၤလားေဒ့ရွ္ရွိ ရခိုင္တိုင္းရင္းသားေတြ ေျပာင္းေရႊ႕ ဝင္ေရာက္

0
852

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေနထိုင္တဲ့ ရခိုင္တိုင္းရင္းသားေတြ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ကို မတ္လ ၈ ရက္ေန႔က ေျပာင္းေရႊ႕ ဝင္ေရာက္လာပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဘန္ဒရာဘန္ခ႐ိုင္၊ တန္းဆိပ္ၿမိဳ႕နယ္၊ ေမာ္တုတ္ႀကီး ေက်းရြာေန ဦးမဲတုတ္ (၄၅ ႏွစ္) ဦးေဆာင္တဲ့ ရခိုင္တိုင္းရင္းသား အိမ္ေထာင္စု ၉ စု၊ အမ်ိဳးသား ၁၉ ဦး၊ အမ်ိဳးသမီး ၁၄ ဦး စုစုေပါင္း ၃၃ ဦးတို႔ ေမာင္ေတာၿမိဳ႕နယ္၊ ေအာင္သေျပေက်းရြာ စာသင္ေက်ာင္းကို ေရာက္ရွိလာပါတယ္။

ရဲတပ္ဖြဲ႔ဝင္ေတြ၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသား မွတ္ပံုတင္ေရး ဦးစီးဌာတို႔က ဝန္ထမ္းေတြက စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမြို့နယ်ကို ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်တိုင်းရင်းသားတွေ ပြောင်းရွှေ့ ဝင်ရောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ကို မတ်လ ၈ ရက်နေ့က ပြောင်းရွှေ့ ဝင်ရောက်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ တန်းဆိပ်မြို့နယ်၊ မော်တုတ်ကြီး ကျေးရွာနေ ဦးမဲတုတ် (၄၅ နှစ်) ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၉ စု၊ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၃ ဦးတို့ မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာ စာသင်ကျောင်းကို ရောက်ရှိလာပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာတို့က ဝန်ထမ်းတွေက စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)