ဖာပြန္ၿမိဳ႕နယ္မွာ စက္သံုးဆီဆိုင္ မီးေလာင္

0
857

ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕နယ္၊ ကမေမာင္းၿမိဳ႕ (၂) ရပ္ကြက္ရွိ စက္သံုးဆီဆိုင္တစ္ဆိုင္ မီးေလာင္မႈ မတ္လ ၈ ရက္ေန႔က ျဖစ္ပြားခဲ့ပါတယ္။

ဦးစိန္ေသာင္း (၅၁ ႏွစ္) ရဲ႕ စက္သံုးဆီ အေရာင္းဆိုင္မွာ ဒီဇယ္ထည့္ထားတဲ့ ၅ လီတာဆံ့ ပလတ္စတစ္ဗူးေတြ အပူလြန္ကဲ မီးေလာင္ကြ်မ္းခဲ့တာ ျဖစ္ပါတယ္။

မီးေလာင္မႈေၾကာင့္ ၂ ထပ္အိမ္ ၁ လံုး၊ ဆီေပပါ ၁၁၀ လံုး၊ ကား ၂ စီး၊ ဆိုင္ကယ္ ၁ စီး မီးေလာင္ၿပီး တန္ဖိုးေငြက်ပ္ ၂၆၁ သိန္း ေက်ာ္ဖိုး ဆံုး႐ံႈးခဲ့ပါတယ္။ ဦးစိန္ေသာင္းကို ကမေမာင္းနယ္ေျမရဲစခန္းက မီးေလာင္မႈနဲ႔ အမႈဖြင့္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖာပွန်မြို့နယ်မှာ စက်သုံးဆီဆိုင် မီးလောင်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ (၂) ရပ်ကွက်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင် မီးလောင်မှု မတ်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဦးစိန်သောင်း (၅၁ နှစ်) ရဲ့ စက်သုံးဆီ အရောင်းဆိုင်မှာ ဒီဇယ်ထည့်ထားတဲ့ ၅ လီတာဆံ့ ပလတ်စတစ်ဗူးတွေ အပူလွန်ကဲ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ၂ ထပ်အိမ် ၁ လုံး၊ ဆီပေပါ ၁၁၀ လုံး၊ ကား ၂ စီး၊ ဆိုင်ကယ် ၁ စီး မီးလောင်ပြီး တန်ဖိုးငွေကျပ် ၂၆၁ သိန်း ကျော်ဖိုး ဆုံးရှုံးခဲ့ပါတယ်။ ဦးစိန်သောင်းကို ကမမောင်းနယ်မြေရဲစခန်းက မီးလောင်မှုနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)