စစ်ဆီသယ်တဲ့ ဆီဘောက်ဆာယာဉ် အရှိန်မထိန်းနိုင်ဘဲ ကလေးနှစ်ဦးကို ကြိတ်မိ

0
328

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မှာ ဒုတပ်ကြပ်တစ်ဦး မောင်းနှင်လာတဲ့ စစ်ဆီသယ် ဆီဘောက်ဆာယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ တိုးဂိတ်မှာ ပန်းရောင်းနေတဲ့ ကလေးနှစ်ဦးကို ၀င်တိုက်မိခဲ့ပြီး ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၁၀ ရက် နံနက် ၆ ၀န်းကျင်က ယာဉ်မောင်း ဒုတပ်ကြပ်မျိုးမြင့်အေး ၅၀ နှစ်(ဘ) ဦးအောင်သောင်း၊ (စဆထ-၁) (စက်သုံးဆီ ထိန်းသိမ်းရေးတပ်ခွဲ) မိတ္တီလာမြို့နေသူ မောင်းနှင်ပြီး သူနဲ့အတူ တပ်သားဇော်ဝင်းမောင်၊၂၉ နှစ် (စဆထ-၁) (စက်သုံးဆီထိန်းသိမ်းရေးတပ်ခွဲ)မိတ္တီလာ နဲ့ လေ/၃၀၂၄၃ တပ်ကြပ် နိုင်ဝင်းထွန်း ၃၀ နှစ် ဆီကိုယ်စားလှယ် လေတပ်ဆွယ် နေပြည် တော်တို့ လိုက်ပါလာတဲ့ ဆီဘောက်ဆာ ယာဉ်ဟာ ဆွာတိုးဂိတ်အရောက် မှာ အရှိန်မထိန်း နိုင်ဘဲ ပလက်ဖောင်းကို ကျော်တက်ပြီး လမ်းဘေးပလက်ဖောင်းပေါ်မှာ အိပ်ပျော်နေတဲ့ ကလေးနှစ်ဦးကို ၀င်တိုက်မိခဲ့တာပါ။

လူသေဆုံးသည်အထိ ယာဉ်ကို မဆင်မခြင်မောင်းနှင်တဲ့ ယာဉ်မောင်း ဒုတပ်ကြပ် မျိုးမြင့်အေးကို ဆွာနယ်မြေရဲစခန်းမှ
ယာဉ်(ပ)၃/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)