မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု တိုးမြှင့်မယ်လို့ ပါကစ္စတန် သမ္မတ ပြော

0
292

မြန်မာနိုင်ငံရဲ့ အလားအလာ ကောင်းမှုတွေကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးကို တိုးမြှင့် လိုတယ်လို့ ပါကစ္စတန် သမ္မတ မမ်နွန် ဟူစိန်က ဒီနေ့ မတ်လ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပါကစ္စတန် သမ္မတ မမ်နွန် ဟူစိန်

တာဝန် ပြီးဆုံးတော့မယ့် ပါကစ္စတန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းနိုင်နဲ့ တွေ့ဆုံစဉ် ပါကစ္စတန် သမ္မတက အဲဒီလို ပြောဆိုတာပါ။ နှစ်နိုင်ငံအကြား ပါလီမန်အဆင့် ဆက်သွယ်ရေး တိုးမြှင့်ဖို့၊ ဆက်ဆံရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး နှစ်ဦးနှစ်ဖက် အဆင့်မြင့် ကိုယ်စားလှယ်များ စေလွှတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ပါကစ္စတန် နိုင်ငံကို စတင် ခွဲထွက် ထူထောင်စဉ်က ပါကစ္စတန် ခေါင်းဆောင် အလီ ဂျင်နားထံ ပထမဆုံး ရောက်လာတဲ့ သံတမန်ဟာ မြန်မာပြည်က ဦးဖေခင် ဖြစ်တယ်ဆိုတာလည်း သမိုင်းဝင်အချက်ဖြစ်တယ်လို့ ပါကစ္စတန် သမ္မတက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)