ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုမှု စုစုပေါင်း ၅၂ မှုရှိ

0
318

ဆက်သွယ်ရေး ပုဒ်မ တစ်ခုဖြစ်တဲ့ ၆၆ (ဃ) နဲ့ တရားစွဲဆိုမှု စုစုပေါင်း ၅၂ မှု ရှိပြီလို့ ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၆၆ (ဃ) ပြင်ဆင်ရေး လှုပ်ရှားကြသူများ (ဓာတ်ပုံ – MCN)

၆၆ (ဃ) နဲ့ တရားစွဲခံရသူ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ ဂေး ၁ ဦးတို့ ဖြစ်ပါတယ်။

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ကို “ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” လို့ ဖွင့်ဆိုထားပါတယ်။

ပုဒ်မ ၆၆ (ဃ) နဲ့ နောက်ဆုံး ဂယက်ရိုက်ခဲ့တဲ့ အမှုကတော့ Myanmar Now က အကြီးတန်း သတင်းထောက် ကိုဆွေဝင်း အမှုဖြစ်ပြီး ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ) ကို ပါရာဇိက ကျတယ်လို့ လူမှုကွန်ရက် Facebook မှာ ရေးသားမှုကြောင့် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)