ထိုင်း Exim ဘဏ် မြန်မာပြည် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်မယ်

0
312

ထိုင်းနိုင်ငံပိုင် ဘဏ်တစ်ခုဖြစ်တဲ့ ထိုင်း ထုတ်ကုန်-သွင်းကုန် ဘဏ် (Exim Thailand) ဟာ ပထမဆုံး နိုင်ငံခြား ကိုယ်စားလှယ် ရုံးခွဲအဖြစ် ရန်ကုန်မြို့မှာ ရှေ့လအတွင်း စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌ ဖီစစ် ဆရီဝီဝတ်တနာနဲ့ မြန်မာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် (ဓာတ်ပုံ – BP)

Exim Thailand ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းအားဖြင့် ထိုင်းရင်းနှီးမြှုပ်နှံသူတွေကို အကူအညီ ပေးနိုင်မှာဖြစ်ပြီး မြန်မာပြည်မှာ ဈေးကွက်လည်း ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။

Exim Thailand ဟာ မြန်မာပြည်မှာ စက်ရုံ ပြောင်းရွှေ့ဖွင့်လှစ်လိုသူ၊ ပို့ကုန်ဈေးကွက် ရှာဖွေလိုသူ ထိုင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို ထောက်ပံ့ပေးမှာဖြစ်တယ်လို့ အဲဒီဘဏ်ရဲ့ ဥက္ကဋ္ဌ ဖီစစ် ဆရီဝီဝတ်တနာက ပြောပါတယ်။

ထိုင်းဟာ မြန်မာရဲ့ ကုန်သွယ်ဘက်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ထိပ်တန်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ အထဲမှာလည်း ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)