ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများရဲ့ လိုင်စင် အာမခံကြေး သိန်း ၅၀ မှ သိန်း ၅၀၀ တိုးမြှင့်

0
431

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေရဲ့ လိုင်စင် အာမခံကြေးကို ကျပ်သိန်း ၅၀ ကနေ သိန်း ၅၀၀ အထိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တိုးမြှင့်လိုက်ပါတယ်။

အေဂျင်စီများရဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုကို နိုင်ငံတကာ စည်းမျဉ်းအတိုင်း ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်ကို ကိုးကားပြီး ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နီပေါ၊ ကမ္ဘောဒီးယား၊ ထိုင်း စတဲ့ နိုင်ငံတွေမှာ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေရဲ့ အာမခံကြေးဟာ ဒေါ်လာ သောင်းဂဏန်း ရှိနေပြီး မြန်မာနိုင်ငံမှာ ဒေါ်လာ ၅ ထောင်အထိသာ တိုးမြှင့်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)