NLD အစိုးရ တစ်​​နေ့ အနိမ့်​ဆုံးလုပ်​အားခ ၆၀၀၀ ကျပ်​ သတ်​မှတ်​​ပေဖို့ ကြံ့ခိုင်ရေးပါတီ တောင်းဆို

0
355

NLD အစိုးရအနေနဲ့ အခြေခံအလုပ်သမားတွေအတွက် ​တစ်​​နေ့ အနိမ့်​ဆုံးလုပ်​အားခ ၆၀၀၀ ကျပ်​သတ်​မှတ်​​ပေဖို့ ကြံ့ခိုင်ရေးပါတီက တောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ်ကို ရောက်ရှိနေတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ဖရူးဆိုမြို့မှာ ဒေသခံပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် အဲ့ဒီလို တောင်းဆိုလိုက်တာပါ။

ဒီလိုတောင်းဆိုရာမှာတော့ ဦးသန်းဌေးက လက်ရှိ NLD အစိုးရလက်ထက်မှာ စီးပွား​ရေးလုပ်​ငန်းတွေအားလုံး တုန့်​ဆိုင်း​နေမှုနဲ့ ကုန်​​ဈေးနှုန်းတွေ မြင့်​တက်​လာမှုတွေ ဖြစ်ပေါ်နေတာ​ကြောင့်​ ပြည်​သူတွေ ဆင်းရဲကျပ်​တည်းနေတဲ့အတွက် အခြေခံအလုပ်သမားတွေကို အခုလို လစာတိုးမြှင့် သတ်မှတ်ပေးဖို့ လိုအပ်နေတာဖြစ်တယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)