၎ နှစ်စာ အခွန်ဆောင်ဖို့ ပျက်ကွက်တဲ့ ကားကုမ္ဗဏီ ၂၆ ခုကို အရေးယူတော့မယ်

0
554

၎ နှစ်စာ အခွန်ဆောင်ဖို့ ပျက်ကွက်နေတဲ့  ကားကုမ္ဗဏီ ၂၆ ခုကို အရေးယူတော့မယ်လို့ အစိုးရအဖွဲ့က ကြေညာလိုက်ပါတယ်။

မတ်လ (၁၀) ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ မတ်လကုန် နောက်ဆုံးထားပြီး ပေးသွင်းကြဖို့နဲ့ ပျက်ကွက်ရင် တည်ဆဲ ဥပဒေတွေအရ အရေးယူသွားမယ်လို့ ကြေညာလိုက်တာပါ။

အစိုးရအနေနဲ့  Car Show Room နဲ့ Sale Center တွေ ဖွင့်လှစ်ပြီး မော်တ်ာကား တင်သွင်းရောင်းချနေတဲ့ ကုမ္ဗဏီတွေထဲက အခွန်ပေးဆောင်ဖို့ ပျက်ကွက်နေတဲ့ ကုမ္ဗဏီ ၁၆၅ ကို စတင် စိစစ်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီကုမ္ဗဏီတွေထဲက ကုမ္ဗဏီ ၁၃၉ ခုကတော့ ကုန်သွယ်ရေးဦးစီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ထမ်းဆောင်ရမယ့် အခွန်တွေကို ပေးသွင်းခဲ့ကာ ၂၆ ခု ကျန်ရှိနေတာပါ။ 

ဒီလို အခွန်ထမ်းဆောင်ဖို့ ကျန်ရှိနေတဲ့ ကုမ္ဗဏီတွေအနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် မကုန်ဆုံးခင် ပေးဆောင်ကြဖို့ သတိပေးထားလိုက်တာဖြစ်ပါတယ်။ 

ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ တည်ဆဲအခွန်ဆိုင်ရာ ဥပေဒပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူတာ၊ တရားဆွဲဆိုတာ၊ လုပ်ငန်း လုပ်ကိုင်ခွင့်တွေကို ယာယီရပ်ဆိုင်တာတွေကို ပြုလုပ်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)