မျိုးရိုးဗီဇ (DNA) စစ်ဆေးချက်တွေကို တရားရုံးတွေမှာ သက်သေခံအဖြစ် လက်ခံသွားမယ်

0
271

မျိုးရိုးဗီဇ (DNA) စစ်ဆေးချက်တွေကို တရားရုံးတွေမှာ သက်သေခံအဖြစ် လက်ခံသွားမယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြောကြားလိုက်ပါတယ်။

မတ်လ (၉) ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ပြောကြားလိုက်တာပါ။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌးဦးရဲ့ မှုခင်းတွေနဲ့ပတ်သက်ပြီး DNA နမူနာတွေကို တရားရုံးတွေက တရားစီရင်ရေးလုပ်ငန်းတွေမှာ သက်သေခံ ဥပဒေအရ လက်ခံဆောင်ရွက်ဖို့ အစီအစဉ် ရှိ၊ မရှိမေးခွန်းကို ဖြေကြားစဉ်မှာ တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဖြေကြားလိုက်တာပါ။

ဒီလိုဖြေကြားရာမှာတော့ မျိုးရိုးဗီဇဆိုင်ရာ ပါရဂူရဲ့ မျိုးရိုးဗီဇ (DNA)  စစ်ဆေးချက်ကို သက်သေခံဥပဒေအပါအ၀င် အခြားတည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ သက်သေခံအဖြစ် တင်ပြလာရင် လက်ခံဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

ဒုတိယအကြိမ် ၂၀၁၃ ခုနှစ်က လွှတ်တော်အစည်းအဝေးတွေတုန်းကလည်း မြန်မာနိုင်ငံက တရားရုံးတွေမှာ စစ်ဆေးတဲ့ အမှုအခင်းတွေကို သက်သေအထောက်အထား ရယူဖို့အတွက် မျိုးဗီဇ DNA တရားဝင် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမယ်လို့  ပြည်သူ့ လွှတ်တော်မှာ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ခဲ့ဖူးပါတယ်။

အဲ့ဒီအဖွဲ့ ဖွဲ့စည်းဖို့အတွက် ကျန်းမာရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ တရား လွှတ်တော်ချုပ်ရုံးတို့က ညှိနှိုင်းပြီး အမြန်ဆုံး အကောင်အထည် ဖော်သွားမယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပေမယ့် အခုအချိန်အထိ အကောင် ဖော်လာတာမျိုး မတွေ့ရသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)