နေပြည်တော် လူစီးအမြန်ရထားအချိန် ပြောင်းလဲပြေးဆွဲမှု မြန်မာ့မီးရထားကြေညာ

0
244

မြန်မာ့မီးရထားက ရန်ကုန်-နေပြည်တော်နဲ့ နေပြည်တော်-ရန်ကုန် အစုန်၊ အဆန် လူစီးအမြန်ရထားအချိန်တွေကို ပြောင်းလဲပြေးဆွဲမယ့်အကြောင်း ကြေညာလိုက်ပါတယ်။

မတ်လ (၁၁) ရက်နေ့က စတင်ပြီး ရထားအချိန်တွေကို ပြောင်းလဲ ပြေးဆွဲမယ့် အကြောင်း မြန်မာ့မီးရထားက သတင်းထုတ်ပြန်ထားတာပါ။

ဒီလို ထုတ်ပြန်တဲ့နေရာမှာတော့ ရန်ကုန်က-နေပြည်တော် အမှတ် (၇) အဆန် လူစီး အမြန်ရထားဟာ ရန်ကုန်မြို့ကနေ ည (၉) နာရီနဲ့ မိနစ် (၃၀) မှာ ထွက်ခွာမှာဖြစ်ပြီး နေပြည်တော်ကို မနက် (၆) နာရီအချိန်မှာ ရောက်ရှိမှာဖြစ်ပါတယ်။

ဒါအပြင် နေပြည်တော်-ရန်ကုန် အမှတ် (၈) အစုန် လူစီး အမြန်ရထားကတော့ နေပြည်တော်ကနေ ည (၉) နာရီအချိန်မှာ ထွက်ခွာမှာဖြစ်ပြီး ရန်ကုန်မြို့ကို မနက် (၅) နာရီ (၃၅) မိနစ်အချိန်မှာ ရောက်မှာရှိမှာပါ။ 

ဒီလို လူစီးအမြန်ရထားအချိန် ပြောင်းလဲ မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မီးရထားဘူတာရုံတွေမှာ အသိပေးကြေညာထားတယ် လို့လည်း မြန်မာ့မီးရထားရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)